Uni
တစ်ညလုံး မအိပ်ထားတဲ့ဒဏ်နဲ့ မျက်ကွင်းတွေက ပန်ဒါဖြစ်နေပေမဲ့ သူမ မအိပ်နိုင်သေး...အလုပ်မှ ပြန်လာသူကို ကြိုရန် သူမ အလှဆုံး ပြင်ထားခဲ့ပေမဲ့ အချည်းနည်းသာ...မနက် ရှစ်နာရီထိုးသွားခဲ့ပေမဲ့ မျှော်နေသူကတော့ ပြန်လာမဲ့ပုံမရ....
ယွီပင်းရော ကျိုးချန်ကပါ ပြန်မလာကြသေးတော့ အိမ်တော်ထဲမှာ အလုပ်သမားတွေနဲ့ သူမသာ ရှိသည်...အောက်ထပ် ဧည့်ခန်းထဲမှ ထိုင်မရထမကောင်း ဖြစ်နေရင်း ဒေါသက ထွက်ရသည်...သူ့ယောကျ်ားမရှိတာနဲ့ အိမ်ကိုပင် ပြန်မလာတော့...ကြံစည်ထားသမျှ သဲထဲ ရေသွန်...
" မိန်းကလေး ဗိုက်ဆာပြီလား..မနက်စာပြင်ပေးပါ့မယ်..."
" မဆာသေးဘူး...ဒါနဲ့ ရိပေါ်က ပြန်မလာဘူးလား.."
" သခင်လေးက ဒီလိုပါပဲ သူ့ရဲ့ အိမ်သားမရှိရင် ပြန်မလာတတ်ဘူး...ရှိနေရင်တော့ အလုပ်ရှိနေလဲ တစ်နေ့ကို သုံးကြိမ်တော့ ပြန်လာတတ်တယ်.."
" တောက်စ်.."
" အရေးကြီးလို့ပါလား..မိန်းကလေး..."
" အလုပ်သမားတွေ နဲ့ ဒီလိုပဲထားခဲ့တာလားအိမ်ကို..စိတ်ချလက်ချ .."
" အလုပ်သမားတွေ က ဘာလုပ်မှာမို့လဲ...လုပ်ချင်ရင်တောင် လုပ်လို့မရပါဘူး...တစ်အိမ်လုံး cctv တွေချည်းကို သန့်စင်ခန်းနဲ့ ရေချိုးခန်းကလွဲရင်ပေါ့.."
" ဟင်..."
" ဟုတ်တယ် မိန်းကလေး...အိမ်မှာ ဖြစ်ပျက်နေသမျှ သခင်လေး မသိတာမရှိဘူး..."
" ဒါဆို..."
" ဟုတ်ကဲ့ အခု စကားပြောနေတာကိုလဲ သိနေမှာပါ.."
" .... "
ဟုတ်သားပဲ သူမမေ့သွားတယ်...ရဲတိုက်ကြီးလိုကြီးတဲ့ အိမ်ကြီးကို ဒီအတိုင်းထားခဲ့ရအောင် ဝမ်ရိပေါ်က မနူးမနပ်လေးလား...ပညာမပြည့်ဝသေးတဲ့ ကလေးလဲ မဟုတ်...ဘာလို့ဒါကို မတွေးမိရတာလဲ...
မနေ့ညက မလုံမခြုံဝတ်ပြီး ဝိုင်တွေပါပြင်လို့ စောင့်နေတဲ့ သူမအခြေအနေကိုရော သိနေမှာပဲ...အိမ်တော်ထိန်း ကြီးတောင်မှ ဝိုင်စားပွဲပြင်ခိုင်းလို့ အကြောင်းအရင်းကို မေးလာသေးသည်မလား...ဆက်စီကျအောင်ဝတ်ပြီး ဝိုင်ခွက်ကိုင်လို့ ထိုင်စောင့်နေမဲ့ မိန်းမလှကို မြင်ရရင် ဘယ်ယောကျ်ားသားမှ မခံနိုင်လောက်ဘူးမလား...
ဝမ်ရိပေါ် ကရော ဘာသားနဲ့ ထုထားတာမို့လဲ...သာမာန်လူသားတယောက်ပဲ မဟုတ်ဘူးလား...
YOU ARE READING
ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်
Fiksi Penggemarပထမဆုံးအကြိမ် စွဲလမ်းမိတဲ့ သက်ရှိဝိညာဥ်က မင်းဖြစ်နေလို့ တော်ပါသေးရဲ့..