Uni
မှန်အပြည့်ကာရန် ထားတဲ့အခန်းကြောင့် နေရောင်က အတွင်းထဲထိ ရောက်နေခဲ့သည်...နေရောင်နုနုရဲ့ အနွေးဓာတ်က ဆောင်းရာသီ ကိုနှုတ်ဆက်နေသည့်ဟန် အပြည့်....
ကွန်ဒိုတစ်လုံးနီးပါး ကျယ်ဝန်းသည့် အိပ်ခန်းကြီး၏ ကုတင်ထက်တွင် အိပ်မောကျသော လူသားနှစ်ဦးထဲ့မှာ.. မျက်တောင်တိုတိုစိတ်စိတ်တွေက လှုပ်ခတ်ကာ နိုးလာခဲ့သူက ရှောင်း.....မျက်လုံး တွေကိုအားယူ ဖွင့်လိုက်ပေမဲ့ ကျိမ်းစပ်နေခြင်းကြောင့် ရုတ်တရက်ဖွင့်မရ....တစ်ဖြည်းဖြည်း ချင်းဖွင့်ရန်ကြိုးစားမိရသည်....ခါးထက်မှ တင်းကျပ်မှု့ကြောင့် မျက်ခုံးတန်းတွေ စုကျုံ့ရခြင်းကိုရောက်သည်....အလုံးစုံပွင့်သွားတဲ့ မျက်လုံးကြောင့် သေချာဝေ့ကြည့်မိတော့ ခါးမှာ ရစ်ပတ်နေတာသန်မာတဲ့ လက်တစ်ဖက်...
အကြောစိမ်းတွေ ထင်လောက်အောင်ကို ဖြူနုနေတဲ့အသားအရေက ဘဝဆုတောင်း ကောင်းခဲ့ပုံရပါသည်...ဘေးကို ကြည့်မိပြန်တော့ မောက်ခုံအိမ်နေတဲ့ အမျိုးသားလေး....မောက်အိပ်နေတာတောင်မှ ခါးကိုပါ ရအောင် ဖက်ထားသေးသည်....အဝတ်ဗလာနဲ့အိပ်နေခြင်းမို့ ဖြူနုနု ကျောပြင်ကျယ် ကယောကျ်ားပီသစွာ...
ခါးနားထိအောင် ရှော့ကျနေတဲ့စောင်တွေကြောင့် ဝတ်ထားတဲ့ ဘောက်ဆာပင် ပေါ်လုနေပြီ...အိပ်နေရင်းတောင် တွန့်ချိုးထားတဲ့ မျက်ခုံးနက်နက် တွေက အလိုမကျခြင်းတွေထင်၏.....သတိလက်လွတ်ငေးကြည့်နေမိတဲ့ အချိန်ကအတော့်ကိုကြာသည်....
" ရှောင်း..ခင်ဗျား နိုးရင်လဲ ထလေဗျာ..ဘာလို့လာကြည့်နေတာလဲ "
" အမ်...နိုးနေတာလား.."
" ကြာပြီ..."
ဟုတ်တယ်.. ကြာပြီ..လူကိုလာကြည့်နေတာ စူးစူးစိုက်စိုက်နဲ့..အအိပ်ဆတ်သူမို့ ဘေးကလူ နည်းနည်း လှုပ်တာနဲ့နိုးတာ...ထိုလူက မသိဘူး...ဘယ်လောက်နေရ ခက်တယ်ထင်လဲ....မနေနိုင်တဲ့အဆုံးမှ မျက်လုံးမဖွင့်ပဲ ပြောရတာ....
" ဒါဆို ကိုယ်ထပြီ လက်ဖယ်ပေးပါဦး "
" အာ.."
" ရိပေါ် ဘာကြိုက်တတ်လဲ မနက်စာ ပြင်ပေးမယ်လေ "
" ခင်ဗျား ကချက်တတ်တယ်ပေါ့ "
YOU ARE READING
ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်
Fanfictionပထမဆုံးအကြိမ် စွဲလမ်းမိတဲ့ သက်ရှိဝိညာဥ်က မင်းဖြစ်နေလို့ တော်ပါသေးရဲ့..