29

2.6K 145 5
                                    



Uni




နေမကောင်း ဖြစ်နေစဥ်အတွင်း လစ်လပ်ခဲ့သမျှ အတိုးချလုပ်ရတာမို့..ညဆယ့်တစ်နာရီကျော်လာသည့်တိုင် မပြန်နိုင်သေး...
အချိန်ပိုဆင်းပေးနေကြတဲ့ ဝန်ထမ်းတွေလဲ ရှိတာမို့ ထပြန်လို့လဲ မကောင်း...ဖိုင်တွဲ တွေထဲနှစ်နေလိုက်တာ နာရီကိုလဲ မကြည့်မိသည်အထိ...

အိမ်သားလေးဆီက စာတွေဝင်နေတာတောင်မှ ပြန်ပို့ဖို့ကမအား...နောက်ဆုံးလက်ကျန် ဖိုင်တွေ ကိုအပြီးသတ်ပြီးတာနဲ့ နာရီကိုကြည့်မိတော့ ဆယ့်နှစ်နာရီ ထိုးလုပြီ...
စနေသားကတော့ဒေါသတွေ ထွက်လောက်ရောပေါ့...

မိနစ်နှစ်ဆယ်လောက်မောင်းရတဲ့ အိမ်ကို ပြန်မောင်းလာမိတာ ဆယ်မိနစ် နဲ့...ဗိုက်ဆာနေလားဆိုတာကိုလဲ သတိမထားမိ...အိမ်သားလေူကို ချော့နိုင်ဖို့သာ...သူလေးမျက်နှာ မြင်မှ အမောပြေတာမို့..

တစ်အိမ်လုံး မှောင်မဲနေတာမို့ ရိပေါ်မျက်ဝန်းတွေ တွန့်ချိုးကုန်ရသည်...ဒီလောက်ကြီး တဲ့ အိမ်ကြီးမှာ မီးပျက်ရင်တောင် ထွန်းညှိစရာ မီးတွေ မရှိတာတော့မဟုတ်...ကားကို အလျှင်စလိုထိုးရပ်ကာ အိမ်ထဲဲပြေးဝင်လာသည်အထိ လူရိပ်လူရောင် မမြင်ရ...

ပူထူလာတဲ့စိတ်က ရှောင်းဆီမှာသာ...ဘာတွေဖြစ်ကုန်တာလဲ...လက်မှ နာရီကိုကြည့်မိတော့ တစ်နာရီ ထိုးရန် ငါးမိနစ်သာလိုတော့သည်...
ရင်အုပ်ကျယ်ကျယ်က ပါ နိမ့်ချီမြင့်ချီဖြစ်လာသည်အထိ အသက်ရှုသံကပြင်းလာရသည်...

လက်ထဲက ဂုတ်ကိုဖြစ်သလိုပြစ်ချပြီး အပေါ်ထပ်ပြေးတက်ရန် ပြင်လိုက်တော့...မီးရောင်မှိန်မှိန် ကသူ့ရှေ့မှာပေါ်လာသည်...

"Happy birthday to you..Happy birthday to you...Happy birthday Mg....26 နှစ်ပြည့်မှသည်.နောက်နှစ်ပေါင်းများစွာ..အေးအေးချမ်းချမ်း နဲ့ ငါ့ဘေးမှာ နေနိုင်ပါစေ.."

" ရှောင်း..."

" အံ့သြသွားလား...sorry မောင်..မောင်မကြိုက်တာ သိပေမဲ့.. ငါလုပ်ပေးချင်နေလို့.."

" မောင် လန့်သွားတာ ခင်ဗျားရယ်.."

" တောင်းပန်ပါတယ် မောင်ရယ်...ငါမရည်ရွယ်ပါဘူး.."

ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်Where stories live. Discover now