Uni
အိမ်တော်ဝန်းထဲ ကားဝင်လာသည်အထိ မတင်မကျဖြစ်နေသည့်စိတ်က မပြေသေး....နေ့လယ်စာကို ပို့ပြီးတာနဲ့ အတူစားပြီးမှ ပြန်တတ်သူက ဒီနေ့မှ ကွဲပြားနေသည်....သူ့အနားကို လာခြင်းမရှိသလို...သူ့မျက်နှာ ကိုပင်မကြည့်...အပြစ်ရှိသူလို ရှောင်ဖယ်နေခဲ့သည်...ပို့ပြီးတာနဲ့ အလုပ်ကိုအကြောင်းပြကာ ချက်ချင်းထပြန်သည်မို့..ကျန်ခဲ့ရတဲ့ ကိုယ်က အူကြောင်ကြောင်...
ယခုလည်း အိမ်တော် တံခါးရှေ့ရောက်သည်အထိ မြင်နေကျ အရိပ်ကိုမမြင်ရသေးတာမို့....စိတ်က မကြည်တော့..ဒေါသက အလိုလိုထွက်ရသည်....အလုပ်က ပြန်လာတိုင်း လက်ကလေးနောက်ပြစ်လို့ ကြိုနေတတ်သူက ခုတော့ ဘယ်နေမှန်း မသိရ....
" သခင်လေး..ပြန်ရောက်ပါပြီလား "
" အင်း...ရှောင်းရော.."
" သခင်လေး ရှောင်း..အခန်းထဲဝင်သွားပါတယ်...နေကောင်းပုံမရပါဘူး "
" အင်း..သွားတော့.."
အခန်းရှိရာ အမြန်လျှောက်လာခဲ့လိုက်သည်..မနေနိုင်တော့ဘူး တအားမေးချင်နေပြီ...ကိုယ်က ပင်ပန်းလာရင် ထိုလူ့မျက်နှာ မြင်ရမှ အမောပြေတာ..ဒါတွေ ထိုလူမသိဘူး...အခန်းထဲ ဝင်လိုက်သည်နှင့် မြတ်နိုးရတဲ့ အငွေ့အသက်တွေက သိသိသာသာ ပျောက်ဆုံးနေခဲ့လျှက်...
ကုတင်ထက်မှာ ကျောပေးအိပ်နေတဲ့သူကို မြင်ရပါလျှက်နဲ့ စိတ်ကမသက်သာသေး...အနားသွားလို့ ထူပေးချင်ပေမဲ့ ခြေလှမ်းတွေက ရွေ့မရ...အထူးဆန်းဆုံးက ထိုလူ့ကိုမြင်တာနဲ့ ခုန်တတ်တဲ့ရင်က ငြိမ်သက်နေသည်ပဲ...
" ရှောင်း...ရှောင်းကျန့်..ခင်ဗျား ထဦး.."
" အင်း..ဟင်..ပြန်လာပြီလား.."
" နေမကောင်းဘူးလား ခင်ဗျား.."
" နည်းနည်း ခေါင်းကိုက်လို့ "
" အိပ်မှာဆိုရင်လည်း အခန်းပြန်အိပ်လေဗျာ...ဆေးသောက်ပြီး အိပ်လိုက်ပေါ့.."
" အခန်း...? "
" ဟုတ်တယ်လေ.. ခင်ဗျားဘာတွေ ကြောင်နေတာလည်း....ခင်ဗျားနဲ့ ကျွန်တော် ဘယ်တုန်းက အတူအိပ်ဖူးလို့လည်း.."
YOU ARE READING
ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်
Fanfictionပထမဆုံးအကြိမ် စွဲလမ်းမိတဲ့ သက်ရှိဝိညာဥ်က မင်းဖြစ်နေလို့ တော်ပါသေးရဲ့..