Uni
ရှယ်ယာရှင်တွေ ကြားမှာ ခြေစုံရပ်လို့ စကားပြောနေတဲ့ မောင့်ပုံစံက သုံးဆယ့်ကိုးနှစ်အရွယ်ကို ရောက်လာပြီဖြစ်လို့ ရင့်ကျတ်တဲ့ ယောကျာ်း တစ်ယောက် အသွင်ကိုဆောင်နေပြီ...သက်လတ်ပိုင်းအရွယ်ရောက်လာလေ လေ ခန့်ညားမှု့က မြင်သာ လာလေလေ...
ရှောင်ရောင်မျက်မှန်ကိုင်းလေးနဲ့ မောင့်အသွင်က ခန့်ညားမှု့တွေအတိုင်းသား..အစည်းဝေးခန်းရဲ့ မှန်အပြင်မှ ရပ်ကြည့်နေရင်းက ဂုဏ်ယူမိရသည်...
ဒီယောကျ်ားကိုရွေးမိလို့ နောင်တရတာမျိုးမရှိခဲ့ဘူး..အမြဲတစေ ဂုဏ်ယူခြင်းတွေသာရှိခဲ့တာ...မောင့်အတွက် နေ့လယ်စာလာပို့တော့ ရှယ်ယာရှင်တွေနဲ့ စကားပြောနေတာမို့ ရပ်ကြည့်နေမိတာဖြစ်သည်...
ဘယ်လောက်ကြာဦးမည် မသိတော့ မောင့်ရုံးခန်းထဲ ပြန်ထိုင်စောင့်ရုံသာရှိတော့သည်...ှန်အပြည့်နဲ့ ရုံးခန်းကျယ်ကျယ်က တစ်မြို့လုံးကို စီးမိုး၍ မြင်ရသည်...
ဖုန်တစ်စက်ကလေးမှ မရှိရလေအောင် သန့်ရှင်းထားသည်မို့ ပြောင်လက်နေတဲ့ ရုံးခန်းကအဆင်မြင့် မြင့်...ဆယ်ကျော်သက်အရွယ်ကစလို့ ဝင်ရောက်ခဲ့တဲ့.စီးပွားရေးလောကမှာ နတ်ဘုရားဖြစ်နေခဲ့ပြီ...
ဝမ်အုပ်စု လို့ ပြောလိုက်ရင် မသိသူမရှိတော့လောက်အောင်ကိုပင်..ဝမ်လုပ်ငန်းစုကြီးကို မှီခိုရှင်သန်နေကြတဲ့ မိသားစုတွေကပင် မနည်းမနော...ခုဆိုရင် မောင့်နာမည် မသိသူမရှိတော့...
မှန်အနားမှာ ကပ်ရပ်လို့ အပြင်ဘက်ကိုရပ်ငေးနေမိတာ ဘယ်လောက်ကြာသည်မသိ...ခါးကို ရစ်ပတ်လာတဲ့ လက်တစ်စုံကြောင့် အသိဝင်ရသည်...
" မောင်..."
" ရောက်နေတာ ကြာပြီလား ရှောင်း.."
" မကြာသေးပါဘူး မောင်ရယ်..ဗိုက်ဆာနေပြီလား.."
" ဆာပြီဗျ..ကျွေးတော့မလား.."
" မောင့်..."
နောက်က တင်းတင်းဖက်ပြီး နားဖျားလေးကို နမ်းလို့ ရီဝေဝေစကားဆိုတော့ မျက်နှာက ပူခနဲ...အသက်သာကြီးလာတာ မောင်က ရှောင်းနဲ့ပတ်သက်ရင် အရှက်ကိုမရှိဘူး...
YOU ARE READING
ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်
Fanfictionပထမဆုံးအကြိမ် စွဲလမ်းမိတဲ့ သက်ရှိဝိညာဥ်က မင်းဖြစ်နေလို့ တော်ပါသေးရဲ့..