1

9.6K 161 4
                                    

uni

တစ်ခါတုန်းက ရန်ဘက်နှစ်ယောက်ရှိခဲ့ဖူးတယ်
တစ်ယောက်ကိုတစ်ယောက်အမြဲကျော်ခွနေကြဖူးတယ် အမြဲ နာကျင်အောင်လုပ်တယ်ကျတယ် ရိုင်းစိုင်းကြတယ် မောက်မာကြတယ်
ပြီးတော့ရော.....

*^*

အ.ထ.က. (3) အခြေခံပညာအထက်အတန်းကျောင်း ဗဟန်းမြို့ တွင်ဖြစ်သည်

အချိန်ကား မုန့်စားဆင်းချိန်ဖြစ်ရာ စာသင်ခန်းထဲတွင် လူတော်တော်များများမရှိဘဲ ကျောင်းဝင်းထဲတွင်သာ လူတွေစည်းကားလျက်ရှိသည်

ထိုအချိန် 10တန်း eco C ခန်းမှာတော့

"ဟျောင့်တွေသိလား ကြွက်တွေပေါတယ် ငါတို့ကျောင်းမှာ"

အတန်းသားအချင်းချင်း စကားပြောနေဟန်တူသည်

"ဟုတ်လား ပြောဘာဦး ဘယ်လိုကြွက်မျိုးလည်း"

"တစ်ကောင်ကြွက်လေ ဟားဟားဟား"

ဝုန်းးး

ကျောင်းသားတစ်စုရီမောနေကြစဥ်မှာ အနောက်ဆုံးတန်းမှ ခုံက အသံတစ်ချို့ကြားလိုက်ရသည်

"ဟေ့ ဘာဖြစ်တာတုန်းကွာ စပ်သွားတာလား ဆရာခိုလိမ်းလေကွာ"

ထိုသို့ပြောလိုက်သူဆီကို နောက်ဆုံးတန်းမှာ ကျောင်းသားက ထလာကာ အကျီကို ဆောင့်ဆွဲလိုက်သည်

"စအိုပိတ်ထားလိုက် နားငြီးတယ်"

"ဘာ မအေဘေး ခွပ်"

အကျီဆောင့်ဆွဲခံရတဲ့ ကျောင်းသားဘက်မှ စတင်ထိုးလိုက်သည်

"အိုက်ခမ်းလီ ခွေးမသား ခွပ် ခွပ်"

အထိုးခံရတဲ့ ကျောင်းသားက ဒေါသဖြစ်ကာ နှစ်ချက်ဆင့်ထိုးသည်

ထိုသို့အထိုးခံလိုက်ရတာကြောင့် ခမ်းလီသူငယ်ချင်းများ ရူးရူးရှားရှားဖြစ်ကာ ထလာပြီး တစ်ဖတ်ကကျောင်းသားကိုဝိုင်းထားကြသည်

"မင်းတို့ဝင်မပါနဲ့ သူရစစ်နိုင် မင်းလက်ဆက ဒီလောက်ပဲလား ပျော့လိုက်တာကွာ မိန်းမလက်လေးနဲ့"

"ပျော့မပျော့ သိချင်ရင် မင်းညီမငါ့ဆီလွှတ်လိုက်လေ လက်ကွက်လေးပြလိုက်မယ်"

CompetitorWhere stories live. Discover now