uni
ခမ်းလီ ဟိုကောင်ထွက်သွားတာနဲ့ အပိုသော့ကိုရှာမိသည် အံဆွဲတစ်ခုထဲမှာ အပိုသော့ကတွေ့တာကြောင့် အဝတ်စားလဲကာ တံခါးဖွင့်ပြီး ညီ့ဆီအမြန်သွားဖို့ပြင်သည်
သို့သော်လမ်းလျှောက်ရတာသိပ်အဆင်မပြောမပြေလှပေ တစ်ကိုယ်လုံးလည်း နာနေတာကြောင့် လှေကားပေါ်ကတောင် မနည်းဆင်းယူရသည်
ခြံထဲရောက်သည်နဲ့ ညက ဟိုကောင်လွှတ်ပစ်တဲ့ ဆွဲကြိုးကို အရင်လိုက်ရှာရသည်
အချိန်တော်တော်ကြာ ရှာနေသော်လည်း
မတွေ့တာကြောင့် မြက်ခင်းမှာသာထိုင်ချမိသည်ထိုချိန် နေရောင်ကမျက်လုံးကိုလာထိုးနေသည် လက်နဲ့ကာပြီးကြည့်လိုက်တော့ ထိုဆွဲကြိုးလေးကို နေထိုးနေလို့ သူ့ဆီ ရောင်ပြန်ဟပ်နေတာဖြစ်သည်
တော်ပါသေးရဲ့ ကလေးအမြတ်တနိုးနဲ့ ပေးထားတဲ့ ဟာလေးပြန်ရှာတွေလို့
ဘောင်းဘီအိတ်ကပ်ထဲပဲ ကောက်ထိုးထည့်ကာ ကလေးရှိရာဆိုင်ကို အမြန်သွားမိသည်
ရုံးခန်းထဲ ဝင်ဝင်ချင်းမှာ ကလေးက ကြမ်းပြင်မှာ ပုံ့ပုံ့လေး လဲကျနေပြီး သူရစစ်နိုင်က သူ့ကလေးကို ဒေါသတကြီး ကြည့်နေသည်
ကလေး ဘယ်လောက်တောင်ကြောက်နေလဲမသိပါ သူရောက်လာတာနဲ့ ရင်ခွင်ထဲ ဝင်ကာ ငိုရှာသည်
ကလေးအတွက် သူ ရဲရင့်ရမယ် ပြတ်သားရမယ် သူရစစ်နိုင်နဲ့ ကွာရှင်းမှကို ဖြစ်တော့မည်
မကွာပေးလျှင်လည်းဂရုမစိုက် ကလေးကို ခေါ်ကာ တစ်နေရာထွက်သွားမည်
"မောင် ပြောတာနားထောင်ပါဦး"
"နားထောင်စရာအကြောင်းမရှိဘူး ငါတို့ထွက်သွားမယ် မင်းဘဝထဲက ထွက်သွားပေးပါ့မယ်"
"ထွက်ချင်ရင် အသေထွက် ပေးထွက်မယ်"
"လာလေ လာသတ်လှည့်စမ်းပါ ငါ့ကိုလာသတ်"
အော် မလုပ်နိုင်မှန်း မလုပ်ရက်မှန်းသိသိရက်နဲ့ လည်စင်းပေးနေပြန်ပါပြီ ခက်ပါလား ခမ်းရယ် မောင်သတ်ချင်တာ မင်းမှ မဟုတ်ပဲဟာ
"ကွာတော့မရှင်းပါနဲ့"
မင်းအတွက်ဆို မောင်လက်နက်ချကာ
အလံဖြူပြပါ့မယ်
YOU ARE READING
Competitor
Romanceကြည့်ချင် ထိချင် တွယ်ကာ ငြိချင်တာ မင်းတစ်ယောက်သာ.... ကြည့်ချင် ထိချင် တွယ်ကာ ငြိချင်တာ မင်းတစ်ယောက်သာ.... start:22.10.2023 end:31.3.2024