uni
ခမ်းလီ သုံးရက်လောက် အိမ်တွင်းအောင်းပြီးနောက် ဆိုင်ကိုမသွားလို့မရတော့ ဟိုမှာအလုပ်တွေတောင်လိုပုံနေလောက်သည်
ဟိုကောင် ခေါင်းထိသွားတာကြောင့် လက်ထပ်ပွဲကို တစ်ပတ်အတွင်းလုပ်ဖို့မဖြစ်နိုင်တာကြောင့် နောက်တစ်ပတ်ရွေ့လိုက်သည်
ဆိုင်ထဲဝင်တော့ ဝန်ထမ်းတွေကပြုံးပြုံးစိ
ကြည့်နေကျသေးသည်"boss လက်ထပ်တော့မယ်ဆို ဂုဏ်ယူပါတယ်ဗျာ"
မန်နေဂျာက လာနှုတ်ဆက်တော့ ပြုံးရုံသာပြုံးပြလိုက်ရသည်
သူ့ရုံးခန်းထဲဝင်လာတော့ ညီက စောင့်နေသည်
"ညီ"
"ဝမ်းသာပါတယ်နော် boss လက်ထပ်ရတော့မယ်ဆိုတော့"
ညီက မဲ့ရွဲ့ကာ ခနဲ့ သလို့ လေသံနဲ့ပြောသည်
"ညီ ကိုယ်ရှင်းပြမယ်"
"ဘာမှရှင်းပြစရာမလိုဘူး အရှင်းကြီးပဲဟာ"
ညီ အကို့လည်ပင်းမှ သိပ်မပျောက်သေးတဲ့ ကိုက်ရာကိုကြည့်ပြီး ပိုလို့ စိတ်တိုလာမိသည်
"အဲ့နေ့က လိုက်မသွားဖို့မပြောခဲ့ဘူးလား
boss မို့လို့လုပ်ရက်တယ်""ကိုယ် မရည်ရွယ်ပါဘူး"
"ပြောရောပေါ့ boss ရယ် အစထဲက ကြိုက်နေရင်လည်း ညီ့ကိုအရူးမလုပ်သင့်ပါဘူး"
"ကိုယ်ညီ့ကိုပဲ ချစ်တာပါ"
"တော်ပါတော့ "
ညီ့က အော်က ပြောသည်
"လျှာရိုးမရှိတိုင်းလာလိမ်မနေနဲ့ ကိုကိုဒီလောက်ချစ်တာ boss သိရက်နဲ့ ဘာလို့များလုပ်ရတာလဲ"
ညီက ကြမ်းပြင်ပေါ် ဖင်ထိုင်ချကာ ငိုသည်
ခမ်းလီညီ့အနား ထိုင်ချကာ ညီကို ဖတ်ပြီး ကျောပြင်လေးကို ဖွဖွလေးပုတ်ပေးမိသည်
"မထိနဲ့ မုန်းတယ် အကို့ကို မုန်းတယ်
ကျွန်တော့် ချစ်သူကိုလုယူတဲ့ အကို့ကိုမုန်းတယ်"ညီကသူ့ကို တွန်းထုတ်ကာ လက်ညိုးတွေထိုးပြီးပြောလာသည်
"မမုန်းပါနဲ့ကွာ အကိုတောင်းပန်ပါတယ်"
YOU ARE READING
Competitor
Romanceကြည့်ချင် ထိချင် တွယ်ကာ ငြိချင်တာ မင်းတစ်ယောက်သာ.... ကြည့်ချင် ထိချင် တွယ်ကာ ငြိချင်တာ မင်းတစ်ယောက်သာ.... start:22.10.2023 end:31.3.2024