39

2.9K 91 3
                                    

uni

အရေးပေါ်ခန်းထဲ 24 နာရီစောင့်ကြည့်မှုအပြီးမှာ သတိရလာခဲ့တယ်

နိုးထလာတာမျိုးမဟုတ်ဘဲ လက်လေးတွေ ​ခြေလေးတွေ လှုပ်ရုံသာ လှုပ်ပြီး ကိုမာ
ဝင်သွားခဲ့တယ်

တစ်ပတ်ကျော်ပြီ မောင် အိပ်ပျော်နေတာ
ထလာတော့လေ မင်း ကလေးလေးတွေကို ထကြည့်ဦးလေ ခုလို လက်လွတ်စပယ်
မွေးပြီး အိပ်နေရလား မောင်ရယ်

"အစ်ကို ကလေးတွေ က တအားငိုနေတယ်
ချော့လို့မရဘူး"

"မရရင်လွှတ်ထားလိုက် မောရင်တိတ်လိမ့်မယ်"

"အစ်ကို ဘယ်လိုပြောလိုက်တာလဲ အစ်ကို ကလေးတွေနော်"

"ငါမလိုချင်ဘူး သူတို့ကို သူတို့ကြောင့် မောင် အခုလိုဖြစ်ရတာ မလိုချင်ဘူး "

"အစ်ကို အဲ့လိုမျိုးလုပ်လို့"

"ငယ် လာပါ ကိုယ်တို့ပဲ ထိန်းလိုက်ရအောင်"

စွမ်းပြည့် ဖြတ်ပြောကာ ငယ့်ကို ခေါ်သွားလိုက်သည်

ခမ်းလီကတော့ မောင် လက်ဖဝါးလေးတွေကို ရေစိုဝတ်နဲ့ သုတ်ပေးကာ သန့်ရှင်းရေးလုပ်နေသည်

ဘယ်ရောက်နေတာလဲကွာ ငါမနေတတ်ဘူးလေ အဲ့လိုကြီး အိပ်မနေနဲ့တော့လေ

ကုတင်ပေါ်မှာ ဆေးပိုက်ပေါင်းများစွာဖြင့် လဲလျောင်းနေကာ ဘာအပူအပင်မှ မရှိချေ

ခမ်းလီ ကလေးတွေကိုလည်း
မွေးကတည်းက တစ်ခါသာချီပြီး နောက်ပိုင်းသွားမကြည့်တော့ပေ

သူတို့ကြောင့်အခုလိုဖြစ်ရတာလေ သူတို့က မောင့်ကို ငါစီကနေ ခေါ်သွားတာ

"အစ်ကို ကလေးတွေက မိဘတွေရဲ့ ရင်ငွေ့လိုအပ်တယ် အဲ့လိုကြီး ဥပက္ခာမပြုပါနဲ့"

"အူဝဲ အဟင့် အမ်းးးးး ဗြဲ"

ကလေးငိုသံကြောင့်ဆူးဝမ်ကို လှည့်ကြည်မိတော့ ဆူဝမ်းလက်ထဲက ကလေးက
ငိုနေသည်

"ဒီကိုပေး"

ဆူးဝမ် အနှီးထုတ်လေးကို အစ်ကို လက်ထဲ ထည့်ပေးလိုက်သည်

"တူလေးက အရမ်းအငိုသန်တယ် တူမလေးကတော့ နို့စို့ပြီး အိပ်ပျော်နေပြီ"

CompetitorWhere stories live. Discover now