35

2.8K 69 1
                                    

uni

သူရအလုပ်များနေသည် ဆိုင်မှာလူတွေကျနေမို့ လက်ကို မလည်ပေ ဝန်ထမ်းတွေရှိသော်လည်း တချို့ကောင်မလေးတွေက
သူနားပဲကပ်ကာဟိုဟာမေးလိုက်ဒီဟာမေးလိုက်နဲ့ ဓာတ်ပုံတောင်တူတူရိုက်သွားသေးသည်

"ဦးလေးက ဘတ်စကတ်ဘောချန်ပီယံဆို"

လက်ထဲ ဘောလုံးလေးပိုက်ထားတဲ့ ကလေးသေးသေးတစ်ယောက်က သူ့ဘောင်းဘီဆွဲပြီးလာမေးသည်

သူရဒူးတစ်ဖတ်ထောက်ချလိုက်ပြီး ထိုကလေးကို ပြုံးပြလိုက်သည်

"မင်းက ဦးကိုသိတယ်ပေါ့"

"ဖေဖေပြောပြတာ ဖေဖေက ဦးပရိတ်သတ်တဲ့"

"သားဖေဖေရော"

"ဟိုမှာလေ"

"ဟေးးး ကောင်းပြည့်"

"သားကဒီရောက်နေတာပဲ မတွေ့တာကြာပြီ သူရစစ်နိုင်"

"အေးကွာ မင်းက သားတောင်ရနေပြီလား"

"ဟုတ်တယ် ကလေးရဲ့ အမေကတော့
ဆုံးသွားပြီ သားနဲ့ငါပဲကျန်တော့တာ "

"အချိန်တွေကုန်တာမြန်လိုက်တာ"

"မင်းနဲ့ အိုက်ခမ်းလီတို့လည်း ညားသွားပြီ
မလား ကျောင်းမှာဆို အမြဲမတည့်တဲ့နှစ်ကောင်"

"ဟုတ်တယ် ခုထိလည်းမတည့်ပါဘူးကွာ အကြောတင်းလေး"

"မင်းကအလျော့ပေးပေါ့ကွာ"

"ပေးလွန်းလို့ ဒူးထောက်လက်မြှောက်ရုံ
တင်မက မြေကြီးပေါ်မှာပါ ဝပ်ထွားပေးထားတာ"

"တက်မနင်းသွားဘူးလား"

"အေး နင်းရုံမကဘူးဟေ ကားနဲ့ပါကြိတ်တော့မှာ"

"ဟားဟား ငါ့ကောင်ကြီးအကြောင်း
ငါအသိဆုံး အဲ့လိုပဲ ချော့ရင်ပျော့တဲ့ကောင်ပါကွာ သူက"

"မင်းငါတို့ မဂ်လာဆောင်တုန်းကမလာဘူးနော်"

"ဟုတ်တယ် အဲ့နေ့ သားလေး အဖျားကြီးပြီး ဆေးရုံတင်ရလို့လေ"

"အော် လာပါဦး ဦးဆီ"

သူတို့နှစ်ယောက်ကို မော့ကြည့်နေတဲ့ကလေးကို သူရ ကောက်ပွေ့လိုက်သည်

CompetitorWhere stories live. Discover now