uni
ကျွတ်စ်
ချီးဘဲ ခေါင်းတွေကိုက်လိုက်တာကွာ
ခမ်းလီ နိုးလာပြီး အခန်းကိုဝေ့ဝိုက်ကြည့်တော့ သူ့အခန်းဟုတ်မနေပါအဲ့တာကြောင့် အခန်းထဲက ထွက်လိုက်တော့ hotel တစ်ခုဖြစ်ပုံရသည်
သူရစစ်နိုင်ပဲ သူ့ကို hotel ပို့သွားတာလားညက သူရစစ်နိုင်သူ့ကိုတစ်ခုခုပြောသွားတာသိသည်
သို့သော် ဘာပြောလဲ ဆိုတာသေချာမသိလိုက်
ခမ်းလီ အရက်တကယ်မသောက်နိုင်ပါ ဘီယာတောင် နှစ်ခွက်နဲ့ မူးတာ အရက်ဆို ပိုဆိုးဘောင်းဘီ အိပ်ကပ်ထဲနှိုက်ကြည့်တော့ ကားသော့နဲ့ ဖုန်းသာရှိသည်
ဖုန်းထဲက မအေဘေးသူရစစ်နိုင်ဆိုတဲ့ name ကိုနှိပ်ကာ ဖုန်းခေါ်လိုက်သည်
"မင်း ငါ့ကို ထားခဲ့တဲ့ နေရာမှာလာခေါ်"
"မအားဘူး"
"မအားလည်းလာ ငါစောင့်နေမယ်"
ပြောပြီးဖုန်းချသွားတဲ့ ခမ်းလီကို သူရစစ်နိုင်ကျိန်ဆဲလိုက်သည်
ညက bar မှာတစ်ယောက်ထဲ မှောက်နေတာ မြင်မကောင်းလို့ hotel လည်းခေါ်သွားပေးသေးတယ်
အခုလည်းမအေဘေးက လာခေါ်ခိုင်းနေပြန်သည်"သဲလေး ကိုယ်သွားစရာရှိသေးလို့ သွားလိုက်ဦးမယ်"
"ကိုကလည်း ခုနမှ ရောက်တာလေ မသွားလို့ မရဘူးလား "
"sorry ပါ အရေးကြီးလို့"
သူရစစ်နိုင် သူ့ဆိုင်ကယ်ကိုသာယူပြီး ဟိုမအေဘေးဆီသွားလိုက်ရသည်
ကျွီ
"တက် မအေဘေး သောက်လုပ်ကိုရှုပ်တယ်"
"လူလိုမောင်းနော် မင်း ငါ့ကားကို ဘယ်မှာထားလဲ"
"bar ရှေ့မှာပဲ နေမှာပေါ့ဟ "
"ဦးထုပ်ဆောင်းပေးဦး"
"ဆောင်းမနေနဲ့ သေလည်းအေးတယ်"
"သေချင်းဆိုးရဲ့ ငါညီ့ကို ယူဦးမှာကွ"
"သေမလ်ို့ ယူမှာလား စုတောင်းနေလိုက်လေ"
ထိုအကောင်က ပြောပြောဆိုဆိုနဲ့ ဆိုင်ကယ်ပေါ်ခွထိုင်လာသည်

YOU ARE READING
Competitor
Romanceကြည့်ချင် ထိချင် တွယ်ကာ ငြိချင်တာ မင်းတစ်ယောက်သာ.... ကြည့်ချင် ထိချင် တွယ်ကာ ငြိချင်တာ မင်းတစ်ယောက်သာ.... start:22.10.2023 end:31.3.2024