24

2.5K 86 4
                                    

uni

hotel က မြင်ကွင်းကောင်းတဲ့ အခန်းကိုယူထားတာမို့ ပြတင်းပေါက်ဖွင့်လိုက်ရင် မန္တလေးကျုံးက နေထွက်ချိန်အလှ နေဝင်ချိန်အလှကို မြင်နိုင်သည်

သူရဖုန်းထုတ်ကာ နေထွက်ချိန်ကို ဓာတ်ပုံရိုက်သည် အစောပိုင်းဆိုတော့ အအေးဓာတ်နည်းနည်းရှိသေးသည်

"ဟျောင့် ထတော့"

"အင်းးး"

တစ်ညလုံးကားမောင်းတာက သူ
သေနေတာက အိုက်ခမ်းလီဖြစ်သည်

"ထလို့ကွာ"

"အမ်းးးး"

ဘယ်လောက်ပဲ လှုပ်နှိုးနှိုးညီးသံသာထွက်လာပြီး ဟိုဘက်လှည့်သွားပြန်သည်

ရေချိုးခန်းထဲကို သွားကာ ရေချိုးကန်ထဲ ရေအပြည့်ဖြည့်လိုက်ပြီး အိုက်ခမ်းလီကို ချီကာ
ရေထဲပစ်ချလိုက်သည်

"ဖလူးးး အဟွတ် အဟွတ် သောက်ရူးကောင်
ဘာလုပ်တာလဲ"

"နှိုးလိုက်တာလား"

"လူလိုနှိုးလေ ငါလခွမ်းထဲမှပဲ"

"ငါနှိုးတယ် မင်းမှမထတာ"

"မင်းး အ့ "

ရေချိုးကန်ထဲကအလျင်စလို ထွက်လိုက်တာမို့ ရေတွေနဲ့ ချော်သွားရသည်
တော်သေးသည် ဟိုကောင်က သူ့ကိုထိန်းထားပေးလို့

"သတိထားလေ မောင်ရင်ကျိုးအောင်လို့"

"လီးးး ဖယ်စမ်း မင်းက ဘာလို့ အကျီမဝတ်ထားတာလဲ"

"ညက ရေချိုးလိုက်တော့ လဲစရာမရှိတော့လို့"

"ငါလည်း ရေစိုကုန်ပြီလေ ဘယ်လိုလုပ်မှာလဲ ငါပြောပါတယ် မင်းက လုပ်လိုက်ရင်
တစောက်ကန်း"

"ပွစိပွစိလုပ်မနေနဲ့ ငါအကျီတွေမှာထားတယ်"

"နေပါဦး ငါ့ကိုဘာလို့နှိုးတာလဲ"

"ကျုံးကြည့်မလို့"

"သူရစစ်နိုင်"

"ဗျာ..."

"ကျစ် အာရုံပဲ ထွက် ငါရေချိုးလိုက်တော့မယ်"

"မြန်မြန်ချိုးအေးတယ် ငါအကျီမှာထားတယ်"

"အေး ထွက်တော့"

"ငါမျက်နှာသစ်ဦးမယ် မင်းဘာမင်းရေ
ချိုးပါလား"

CompetitorWhere stories live. Discover now