16

2.2K 59 1
                                    

uni

"အဟင့် အ့အီးးးးး ငါ့အစ်ကိုတော့ ကိုယ်ကျိုးနည်းပါပြီ"

"ငိုမနေပါနဲ့ဟာ လှလည်းမလှဘူး"

"ရွှတ် အင့် အစ်ကိုကလည်းဗျာ"

ခမ်းလီညီမလုပ်သူနဲ့ video call ပြောနေရာ
အဖေက သူ့အကြောင်းတွေ လှမ်းပြောလိုက်သည်ထင်သည်

ဆရာဝန်မကြီးပဲဖြစ်နေပြီ နှာချေးတွဲလဲနဲ့ ငိုလို့ကောင်းတုန်း

"အစ်ကို သက်သာရဲ့လား အကိုက်အခဲပျောက်ဆေးသောက်ဦး လည်ပင်းမှာလည်း ဆေးလိမ်းဦး အီးးးးဟီးးး ငါ့အစ်ကိုတော့ ကုန်ပါပြီ"

ခမ်းလီ ညီမလုပ်သူကိုကြည့်ရင်ငိုချင်သလိုတောင်ဖြစ်လာသည်

ယောကျာ်းတစ်ယောက် မတရားကျင့်တာတောင် မတွန်းလှန်နိုင်တဲ့ ကိုယ့်အဖြစ်က ဘယ်လောက် ခက်ခဲလိုက်သလဲ

"မငိုပါနဲ့ဟာ အဟင့် "

"အီးးးး အစ်ကိုကဘာလို့ငိုလည်း ဟင့်"

"နင်ငိုတော့ ငါပြန်တွေးမိပြီးငိုချင်တာပေါ့ "

"ရွှတ် အဟွတ် မတွေးနဲ့တော့ မငိုတော့ဘူး"

"နှာချေးတွေ ဖုန်းလာစင်တော့မယ် သုတ်အုံး"

တကယ် သူ့ညီမလေးက ကလေးစိတ်လေး ထိုဟာလေးကို သူ့လိုဖြစ်သွားရင် ရင်ကျိုးရချည်ရဲ့ တကယ် လုပ်တဲ့ကောင်ကို ရေမြေအဆုံးလိုက်သတ်မှာ

"ညီမ အစ်ကို မဂ်လာဆောင်ကိုတော့လာမှာပါ"

"ငါ့ ညီမလေးကို လွမ်းနေတာ မျက်နှာလေး
ချောင်ကျသွားတယ်"

"အစ်ကိုရေ ဗြဲ အီးးးး"

"တော်ပါတော့ ဆူးဝမ်ရယ် ဒါပဲ ချပြီ"

ထိုငိုကြောရှည်ကို မချော့နိုင်တော့ချေ
သူဟာသူလည်းငိုနေရတာမို့ ဘယ်လိုမှအဆင်မပြေနေ

အဖေက သူ့ကိုမဂ်လာကိစ္စလည်းအပြောမခံ သူသာအကုန်စီစဥ်နေကာ သွားပြောမိရင်လည်း ထောင်ထဲ ထည့်မယ်ဆိုတာကြီးပဲ

ဒီတစ်ခါ ခမ်းလီ ဘက်ကလည်းစကားလွန်ထားတာမို့ သူ့က်ိုထောင်ထဲမဝင်စေချင်
ပေမယ့်လည်း ဒီလောက်ထိလုပ်ရက်သူကို
စိတ်နာမိသည်

CompetitorWhere stories live. Discover now