uni
ခမ်းလီ အတော်ကြာတဲ့အထိ club ထဲက ပြန်မထွက်လာတဲ့ကောင်ကြောင့် ထို club ထဲပဲလိုက်ဝင်သွားလိုက်သည်
ကလပ်ထဲမှာ နီယွန်ရောင်မီးသီးတွေရှိပြီး အနည်းငယ်မှောင်ရိပ်ပျိုးနေသည်
dance floor မှာလဲ ကနေတဲ့ သူအချို့ရှိရာ dj stage ပေါ်မှာလဲ dj ဖွင့်ပေးသူနှစ်ယောက်ရှိသည်
ဟိုကောင်က ဘယ်မှာမှန်းမသိ စားပွဲဝိုင်းတွေဘက်တစ်ချက်ကြည့်တော့လည်း မှောင်နေတာကြောင့် မျက်နှာတွေသဲကွဲစွာမမြင်ရ
"ဟေး တို့နဲ့ ကဲချင်လား"
စကပ်တိုတိုနဲ့ အကျီလက်တလုံးဝတ်ထားတဲ့ကောင်မလေးကအနားရောက်လာကာ မျက်စိတစ်ဖတ်မှိတ်ပြပြီးပြောသည်
"လူလာရှာတာ သူရစစ်နိုင်ရှိလား"
"oh! သူရဲ့ ဘာညာလေးလား မင်းက"
"ဘာညာဆိုတာ"
"အော် သူနဲ့ တွဲနေတဲ့ကောင်လေးလားလို့"
"နဒီ ဒါငါ့ယောကျာ်းလေ"
ရုတ်တရက် သူတောင်းစားက ဘယ်ကပေါ်လာမှန်းမသိဘဲ သူပုခုံးလာဖတ်သည်
"omg ရှင်က ဘယ်တုန်းက ယောကျာ်းရ"
"ဒီလိုပါပဲကွာ ခမ်း သွားမယ်လေ"
သူ့ခါးကို ဖတ်ကာ ဟိုဘက်ဆွဲခေါ်သွားတာကြောင့် ပါသွားရသည်
"အော် အိုက်ခမ်းလီလည်း ပါတာလား"
သုခကျော်အိုက်ခမ်းလီကို တွေ့လို့နှုတ်ဆက်လိုက်သည်
"ဖယ်ကွာ အသားလိုက်ယူမနေနဲ့"
"ကိုင်တော့ဘာဖြစ်လဲ ဒီထက်ပိုတာတောင်ကိုင်ဖူးတာပဲကို"
"သူရစစ်နိုင် မင်းဘယ်လိုဖြစ်နေလဲ"
"ဗျာ မောင်ဘာဖြစ်လို့လဲ"
"အဟမ်း ငါ့လည်းအဖတ်လုပ်ပါဦးကွာ မင်းတို့ ချစ်ကြည်နူး တစ်တီတူးနေတာမပြီးတော့ဘူး"
သုခကျော် မျက်စိရှေ့မှာ ပလူးပလဲနေတဲ့ စုံတွဲက်ိုပြောလိုက်သည်
"ဆန်ပြုတ်မသောက်ချင်ရင် စကားကိုကြည့်ပြော"
ခမ်းလီ သူရစစ်နိုင်ကို တွန်းရင်း သုခကျော်ကို လက်သီးပြကာ ပြောလိုက်သည်

YOU ARE READING
Competitor
रोमांसကြည့်ချင် ထိချင် တွယ်ကာ ငြိချင်တာ မင်းတစ်ယောက်သာ.... ကြည့်ချင် ထိချင် တွယ်ကာ ငြိချင်တာ မင်းတစ်ယောက်သာ.... start:22.10.2023 end:31.3.2024