uni
မကြာမှီ တတိယနှစ်ပြီးဆုံးကာ တက္ကသိုလ်
စတုတ္ထနှစ်ပင် ရောက်လာလေပြီအိုက်ခမ်းလီကတော့ အဝေးသင်ပဲတက်ကာ တစ်ဖတ်မှ အဖေရဲ့ ရတနာဆိုင်ခွဲတစ်ခုမှာ ဝန်ထမ်းအဖြစ်ဝင်ရောက်လုပ်ကိုင်နေသည်
"ငါ့သားက အလုပ်တွေဘာတွေကြိုးစားတယ်ဆ်ို အဖေဝန်ထမ်းတွေဆီက သတင်းတွေပြန်ကြားရတယ်"
"ကိုယ့်အလုပ်ပဲဗျာ လုပ်ရမှာပေါ့"
ထမင်းစားပွဲဝိုင်းတွေဖြစ်ရာ မိသားစုသုံးယောက် စုံလင်စွာ ထမင်းစားနေခြင်းဖြစ်သည်
ဆူးဝမ်ကဆေးကျောင်းသူမကြီးဖြစ်နေကာပိတ်ရက်တွေမှသာအိမ်ပြန်လာတတ်သည်
အဆောင်မှာ နေရတာ ကျောင်းနဲ့နီးပြီး စာလုပ်ရတာအဆင်ပြေတယ်ဟုပြောသောကြောင့်အဖေက သူမကို အဆောင်မှာထားပေးသည်
အလကားစောက်ကြီးစောက်ကျယ် စတက်တုန်းကတည်းက အဆောင်ထားပေးမယ်ဆိုတာကို ငြင်းပြီးတော့ အခုမှ သူ့သူငယ်ချင်းတွေနဲ့ ကဲ ချင်တာနဲ့ အဆောင်ပြောင်းနေတာမသိရင်ခက်မယ်
"ဟဲ့ ဆူးဝမ် နင်စာဆိုစာပဲလုပ် ရည်းစားဘာညာ ငါအသံကြားကြည့်နော် တွေ့မယ်"
"အစ်ကိုရာ ဆူးဝမ်လည်းအရွယ်ရောက်နေပြီပဲကို"
"မရဘူး မရဘူး မတော်တရော်နဲ့ တွေ့ကုန်မယ်"
"တော်ပါတယ် အစ်ကိုရဲ့"
"ဘာတော် နင်ရနေပြီမလား မှန်မှန်ပြောစမ်း"
"ဟီးးး သဘောကျနေတဲ့သူပါ "
"ဘယ်သူလဲ နင်တို့ကျောင်းကလား အသက် နာမည် ပုံရှိလား ပြစမ်း ဆူးဝမ်"
"အယ် ဖြေးဖြေး ရည်းစားဖြစ်ရင် လက်ဆွဲ ပြီးအစ်ကိုရှေ့ခေါ်လာခဲ့မယ်"
"ငါ့သမီးသဘောကျတဲ့သူကို အဖေလည်းသိချင်မိသား"
"ဟုတ် သမီးတို့တွဲဖြစ်ရင်ခေါ်လာမှာ"
"နောက်နေ့နင့်ကျောင်းကို လိုက်ခဲ့မယ် ငါလိုက်ကြည့်ဦးမယ်"
"သားကြီးရယ် သမီးက စဥ်းစားတက်တဲ့အရွယ်ရောက်နေပါပြီ သူခေါ်လာမှ ကြည့်ကျရအောင်"

YOU ARE READING
Competitor
Romanceကြည့်ချင် ထိချင် တွယ်ကာ ငြိချင်တာ မင်းတစ်ယောက်သာ.... ကြည့်ချင် ထိချင် တွယ်ကာ ငြိချင်တာ မင်းတစ်ယောက်သာ.... start:22.10.2023 end:31.3.2024