31

2.1K 67 5
                                    

uni

ခမ်းလီ သူရစစ်နိုင်ကို ရှောင်နေမိသည်
စကားလာပြောလဲ ပြန်မပြော၊ဘာကျွေးကျွေးငြင်းကာ အလုပ်များချင်ယောင်သာဆောင်မိသည် အခုဆို အခန်းပါ ခွဲနေလိုက်ပြီဖြစ်သည်

အောက်ထပ်က ဧည့်သည်ခန်းကို ရှင်းကာ ပစ္စည်းများရွေ့ပြီးနေလိုက်သည်

သူရစစ်နိုင်ကလည်း သူအလုပ်နဲ့ သူဆိုတော့ ညဘက်မှ သာ နှစ်ယောက်ဆုံသည်
ဆိုင်ကို သူရစစ်နိုင်လာတတ်ပေမယ့် ခမ်းလီ ထွက်မတွေ့ပေ

အခုတလာ ခမ်းလီလည်း အိမ်သိပ်မပြန်ဖြစ်ပေ ကလေးရဲ့ ကွန်ဒိုမှာပဲ သွားနေတတ်သည်
အဲ့လိုညတွေဆို သူရစစ်နိုင် ဖုန်းတဂွမ်ဂွမ် ဆက်တတ်သည်

"ခမ်း အလုပ်သွားတော့မလို့လား မောင်လိုက်ပို့မယ်လေ"

"မလိုဘူး"

"မင်း ကားဘီးပေါက်နေတယ်"

"ညက အကောင်းကြီးပါ"

"မောင်ဖောက်လိုက်တာလေ မောင်လိုက်ပို့မယ်နော်"

"သူရစစ်နိုင် အေးဆေးနေလို့မရဘူးလား"

"မရပါဘူး လာလာ မောင်လိုက်ပို့မယ်"

လက်ကို အတင်းဆွဲကာ ခေါ်တော့ စူပုတ်ပုတ်နဲ့ လိုက်လာသည်

"တံခါးဖွင့်တက်လေ မောင် ချီပြီး ကားထဲ
ထည့်ပေးရဦးမှာလား"

ကားနား မတ်တပ်ကြီးရပ်နေတာမို့ ပြောလိုက်သည်

"မင်းဘိုးအေကိုပဲ ချီ ထည့်လိုက်"

ခမ်းလီ အမြင်ကပ်ကပ်နဲ့ ကားတံခါးကို ဆွဲဖွင့်ကာ ဝင်ထိုင်ပြီး အသံမြည်အောင် ပိတ်ချလိုက်သည်

"ခါးပတ် ပတ်လေ ခမ်း"

"မပတ်ဘူး"

"ဂျစ်ကန်ကန်နဲ့ကွာ ဒါမောင့်ကို စိတ်ဆိုးနေတာလား"

ဆံပင်လေးကို ခပ်ဖွဖွ ဆွဲဖွမိတော့ သူ့ကို မျက်စောင်းကြီးနဲ့ ကြည့်ကာ လက်ကို ရိုက်ချသည်

"မထိနဲ့"

"အရင်စိတ်နဲ့သာဆို မင်းကို ဒီနေရာမှာ ဆွဲ fuck ​ပစ်တယ် မင်းကိုချစ်လို့ မောင်စိတ်တွေအများကြီး လျော့ထားတာခမ်း"

CompetitorWhere stories live. Discover now