26

2.4K 65 3
                                    

uni

ဒီနေ့က မန္တလေး ကဖေ့ဖေ့ မိတ်ဆွေရဲ့
ရွှေဆိုင်ဖွင့်ပွဲဖြစ်သည်

သူရစစ်နိုင်တို့က ကပ်သီးကပ်သပ်နိုင်သည်
ဝတ်စုံက တစ်စုံပဲရှိလို့ မလိုက်ပါနဲ့ ဆိုတဲ့ဟာကို ချက်ချင်းသူ့အတွက် ဝတ်စုံသွားဝယ်ရသည်

couple မဟုတ်လို့ဆိုပြီး ပြသနာက ရှာသေးသည်

"လက်ချိတ်"

"မချိတ်ချင်ပါဘူး ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ်လျှောက်စမ်းပါ"

"မင်းမချိတ်ရင် ငါချိတ်မှာ"

သူ့လက်ကို အတင်းလာချိတ်ကာ ဆိုင်အထဲကိုဝင်သည်

ဖွင့်ပွဲမှာ show ပွဲတွေရော ပါတာမို့ သိပ်တော့ မပျင်းရပါ

မော်ဒယ်တွေကလည်း ရတနာပစ္စည်းများကို ဝတ်ဆင်ကာ show လျှောက်ကျသည်

ခမ်းလီး ရတနာဒီဇိုင်းများကို အသေးစိတ်လိုက်ကြည့်မိသည် ဘယ်ပွဲသွားသွား ဝတ်သမျှ လက်ဝတ်လက်စားတိုင်းကို လိုက်ကြည့်တတ်တာသူ့အကျင့်ပင်ဖြစ်သည်

"ဘယ်ကိုကြည့်နေတာလဲ"

"ကောင်မလေးတွေကို"

"မကြည့်နဲ့ ငါ့ကိုကြည့်"

"​မင်းမှာ ကြည့်စရာဘာမှမရှိဘူး ကောင်မလေးပဲ ကြည့်မှာ"

"မောင်မကြိုက်ဘူး"

"..."

ခမ်းလီသူ့ကို အဖတ်လုပ်ပြီး ပြန်မပြောပဲ ဆက်သာကြည့်နေသည်

ခနကြာတော့ ရွှေဆိုင်ပိုင်ရှင်က လာ
နှုတ်ဆတ်တာမို့ ပြန်လည်နှုတ်ဆက်ကာ လုပ်ငန်းကိစ္စများပြောဖြစ်ကြသည်

ပိုင်ရှင်က သူရစစ်နိုင်ကိုမြင်သွားတော့

"မောင်ရင်က အမျိုးသားနဲ့ ပွဲလာတတ်တာပဲ"

"အာ ဟုတ်တဲ့ဗျ သူရစစ်နိုင်တဲ့ ကျွန်တော်တို့ မဂ်လာပွဲတုန်းက သေချာ လိုက်မနှုတ်ဆက်လိုက်ရဘူး"

"ဟုတ်တယ် အန်ကယ်လည်း အလုပ်ကိစ္စရှိနေတာနဲ့ ခနသာလာပြီး ပြန်သွားရတယ်"

"လာပေးတာကိုပဲ ကျေးဇူးတောင်ပါတယ်ဗျာ"

"မောင်ရင် အမျိုးသားက အသက်ဘယ်လောက်တုန်း"

CompetitorWhere stories live. Discover now