uni
သူရတစ်ခုခုလုပ်ရန်စဥ်းစားမိသည် ဒီတိုင်းကြီး ပျော်ပါးနေရတာ အနည်းငယ်ပျင်းလာသလိုရှ်ိသည် နည်းနည်းပါးပါးအလုပ်ဘာညာ လုပ်ရင်းကောင်းမလားဘဲ
ဒီနေ့ အိုက်ခမ်းလီကို ထမင်းချိုင့်ပြင်ပေးပြီး သူ့ဆိုင်ကိုသာ လိုက်ပို့ကာ ဦးလေးဆီထွက်လာခဲ့သည်
ဦးလေးရဲ့ ရုံးခန်းရောက်တော့ အစည်းအဝေးလုပ်နေသည် ဆိုသောကြောင့် ဆိုဖာမှာသာ အေးဆေးထိုင်စောင့်နေလိုက်သည်
"ဟေး ငါ့တူ ကျားသားမိုးကြိုး တစ်ခါမှ
မရောက်စဖူးရောက်လာပါလား""တစ်ထောင်လောက်ချေး ဦးလေး"
"အမလေး ရော့နှစ်ထောင်ယူသွား "
ဦးလေးလုပ်သူက ပိုက်ဆံအိတ်ကြီးဖွင့်
တစ်ထောင်တန်နှစ်ရွက်ထုတ်ပေးလာသည်"ဟာဗျာ သိန်းတစ်ထောင်ကို ပြောတာ"
"ဟမ် မင်း ဘာလုပ်မလို့တုန်း အဲ့ငွေနဲ့"
"အလုပ်လုပ်မလို့"
"ဘာလုပ်မှာလဲ"
"အင်းး သေချာတော့မစဥ်းစားရသေးပေမယ် အားကစားပစ္စည်းအရောင်းဆိုင်နဲ့ gymရုံနဲ့ တွဲဖွင့်ရင်ကောင်းမလားလို့"
"မဆိုးပါဘူး ငါ့တူ အလုပ်တစ်ခုလုပ်ရင် အရှုံးနဲ့ အမြတ်ဆိုတာရှိတယ် မင်းသေချာကြိုးစား
လုပ်မယ်ဆို ငါဒီထက်မက အရင်းအနှီးထုတ်ပေးနိုင်တယ် ဒါပေမယ့် တန်ဖိုးမထား ပေါ့ပျက်ပျက်တော့မလုပ်စေချင်ဘူး""အင်း"
"ဆိုင်ခန်းဘာညာရှာပြီးပြီလား"
"ဟင့်အင်း"
"ရော့ ကဒ်ထဲမှာ သုံးထောင်လောက်တော့ရှိတယ် မင်းလိုသလောက်သုံး"
"ကျေးဇူး "
"မလိုပါဘူးကွာ ငါ့မှာ မင်းတစ်ယောက်ပဲ ကျွေးမွေးဖို့တာဝန်ရှိတာ"
"ထပ်ကျွေးချင်ရင် မိန်းမယူလေ"
"တော်ပါကွာ အပူ မရှာချင်ပါဘူး"
"ဆေးပေးမီးယူပေါ့ဗျာ ဦးလေးလည်းအသက်ကြီးနေပြီပဲကို"
"တော်ပါ မင်းတို့ရော အဆင်ပြေကျသလား"
YOU ARE READING
Competitor
Romanceကြည့်ချင် ထိချင် တွယ်ကာ ငြိချင်တာ မင်းတစ်ယောက်သာ.... ကြည့်ချင် ထိချင် တွယ်ကာ ငြိချင်တာ မင်းတစ်ယောက်သာ.... start:22.10.2023 end:31.3.2024