uni
ဆေးရုံဆေးခန်းမကြိုက်ဟုဆိုကာ ဆေးရုံအတင်းဆင်းပြီး အငှားယာဥ်ငှာနမှာ
ဆိုင်ကယ်သွားငှားပြီး မန္တလေးကျူံးတစ်လျှောက် ဆိုင်ကယ်ပတ်စီးနေကြသည်"ဖြေးဖြေးမောင်းပြုတ်ကျမယ်"
"မောင့်ရင်ခွင်ထဲမှာနေတာပဲဟာ စိတ်ချ ဘယ်တော့မှ ပြုတ်ကျမကျန်ခဲ့အောင် မောင်တစ်သက်လုံး ချီပိုးသွားမှာ"
တောကီတွေကတော့ သေလောက်တယ်
အဲ့လိုအပြောတွေကြောင့် သူ့ကို လူတိုင်းက ကြိုက်ကျတာ ထိုအထဲ အိုက်ခမ်းလီတို့မပါစောက်ပိုဆိုတာသိတာကြောင့် ထိုအကောင်တော်ကီအောက်မှာ အရည်ပျော်စရာအကြောင်းမရှိ
"နေပါဦး ငါမေးမယ် မေးမယ်နဲ့ မမေးရသေးဘူး"
"မေးလေ"
အခု ခမ်းလီက ဒီကောင့်ရင်ခွင်ထဲမှာ နေပြီး ဆိုင်ကယ်စီးနေတာဖြစ်သည် အနောက်မှာထိုင်မယ်ဆိုမရ အရှေ့မှာမထိုင် ထပ်ပြီးမေ့လဲပစ်မှာဆိုပြီး ဆိုင်ကယ်ငှားဆိုင်မှာ ဂျီကျသည်
မတက်နိုင်တဲ့အဆုံး ထိုကောင်ပြောတဲ့ အတိုင်းထိုင်လိုက်ရသည်
"မင်း ဘာလို့ အဖြူနဲ့ အနက်ပဲသုံးတာလဲ
colour blind ဖြစ်နေတာလား""ရူးနေလား ငါအကြောင်းရှိလို့"
"ပြောပြလေကွာ"
ရင်ခွင်ထဲကလူကို ငုံ့ကြည့်တော့ သူ့က်ို သိချင်စိတ်ပြင်းပြကာ ပြန်စိုက်ကြည့်နေတဲ့ မျက်မှန်အောက်က မျက်ဝန်းများဖြင့် ဆုံသည်
ဆိုင်ကယ်ကို တောင်ဆင်းတစ်ခုအား မောင်းနှင်သွားသလို အသဲထဲအေးကနဲ ဖြစ်သွားရသည်
"အနက်ဆ်ိုတာက လွယ်လွယ်နဲ့ အရောင်ဆိုးလို့မရဘူး အဖြူဆိုတာက အရောင်ဆိုးလို့လွယ်တယ် အနက်က ငါ့အတွက်ဖြစ်ပြီး
အဖြူက ငါချစ်တဲ့သူအတွက် အဲ့အဖြူကို ငါကိုယ်တိုင် အရောင်ဆိုးချင်လို့""အော်"
ထိုသို့ပြောကာ ရှေ့ပြန်လှည့်သွားတဲ့လူ
ကြောင့် မျက်လုံးများမှိတ်ကျသွားအောင် ပြုံးလိုက်မိသည်ပြီးနောက် အိုက်ခမ်းလီက မြို့မစျေးမှာ လက်ဆောင်တွေ ဝယ်ချင်လို့ဆိုလို့ မြို့မစျေးကိုသွားရသည်
YOU ARE READING
Competitor
Romanceကြည့်ချင် ထိချင် တွယ်ကာ ငြိချင်တာ မင်းတစ်ယောက်သာ.... ကြည့်ချင် ထိချင် တွယ်ကာ ငြိချင်တာ မင်းတစ်ယောက်သာ.... start:22.10.2023 end:31.3.2024