uni
"ပြန်မရောက်တာကြာတော့ နည်းနည်းပြောင်းလဲသွားသလိုပဲ"
နေကာမျက်မှန်ကို ချွတ်ကာ ကောင်းကင်ကို တစ်ချက်မော့ကြည့်လိုက်သည်
ထိုသူသည် အရပ်မှာ 6"2' ရှိပြီး ညိုတဲ့ အသားရည်ပိုင်ဆိုင်ထားသည် ရင်အုပ်
ကျယ်ကျယ်သည် sport shirt ဝတ်ထားသောငြားလဲ တင်းကားထွက်နေရာ လက်မောင်းကြွက်သားများမှာလည်း မှီခိုချင်စရာကောင်းလောက်အောင် အပြိုင်ပြိုင်ထနေသည်လက်ချောင်းရှည်ရှည်များတွင်လည်း လက်စွပ်များ ရှိပြီး လည်ပင်းတွင်လည်း
စတီးသံကြိုးတစ်ကုံးဆွဲထားသေးသည်ဆံပင်မှာ ဂုတ်ထောက်နေသောကြောင့် စည်းထားသည်က ပို၍ဆွဲဆောင်မှုရှိလေသည်
"ဟာ ငါ့တူ မှတ်တောင်မမှတ်မိဘူး ကြည့်စမ်း"
ထိုသူသည် ပြုံးလိုက်ကာ မျက်လုံးပေါက်များမှေးကျဥ်းသွားသည်မှာ eye simle ရှိပုံရသည်
"ထွားလိုက်တာကွာ မင်းက"
"ဦးလေးလည်း ကြည့်ကောင်းလာပါတယ်"
"ငါ အစောကြီးကတည်း ကြည့်ကောင်းပြီးသား"
"ကျွန်တော့်ကိုတော့ မမှီဘူးလေဗျာ"
"ခွေးကောင်လေး"
ဦးလေးလုပ်သူနဲ့အတူ အိတ်များကို ကားနောက်ဖုံးထဲထည့်ကာ ကားရှေ့ခန်းတွင်ဝင်ထိုင်လိုက်သည်
"တော်တော်ပြောင်းလဲ သွားတာပဲဗျ"
"ဟုတ်တယ် သူ့ဟာနဲ့သူတော့ တိုးတက်နေပြီလေ "
"ဦးလေးပဲ မတိုးတက်သေးတာ"
"ဟျောင့် ငါလုပ်ငန်းချဲ့ထားတယ်ကွ"
"အလုပ်ကိုပြောတာမဟုတ် အချစ်ရေး"
"မင်းကြောင့်လေ"
"ကျွန်တော်နဲ့ဘာဆိုင်"
"မင်းကိုစိတ်မချလို့ မင်းဟိုမှာပဲ အခြေချမယ်ထင်ထားတာ"
"ကျွန်တော်လည်းတွေးထားပေမယ့်
အက်စီးဒန့်ဖြစ်သွားတော့ အဲ့မှာမနေချင်တော့ဘူး""အေးကွာ မင်းခြေထောက် သက်သာရဲ့လား"
"သက်သာပါတယ် ပြန်ကစားလို့မရတော့ဘူး"
YOU ARE READING
Competitor
Romanceကြည့်ချင် ထိချင် တွယ်ကာ ငြိချင်တာ မင်းတစ်ယောက်သာ.... ကြည့်ချင် ထိချင် တွယ်ကာ ငြိချင်တာ မင်းတစ်ယောက်သာ.... start:22.10.2023 end:31.3.2024