13

3.1K 76 2
                                    

uni

ခမ်းလီ အိမ်မပြန်ရတာ ကြာပြီမို့ အိမ်ပြန်လာမိသည်

အိမ်မှာလည်း ဘယ်သူမှမရှိပါ ​အဖေကလည်း ဆိုင်ကြီးမှာ ဆိုင်ထိုင်ပြီး ညမလုပ်သူ ဆရာဝန်မက နယ်မှာ တာဝန်ကျနေသည်

အိမ်အကူတစ်ယောက်ကို ကော်ဖီတစ်ခွက်အခန်းထဲလာပို့ခိုင်းလိုက်သည်

သူ့အခန်းလေးက အရင်အတိုင်းပဲ ထားထားရာ အမြဲသန့်ရှင်းရေးလုပ်သည်ထင်ပါ့
ဖုန်တစ်စက်တောင်မရှိ

ဆိုင်မသွားဖြစ်တော့အိမ်မှာပဲ အလုပ်လုပ်မှာမို့ laptop ယူလာကာ ရွှေ ဒီဇိုင်းတွေကြည့်နေလိုက်သည်

နေ့လည်စာစားချိန်ရောက်သော်လည်း ဆင်းမစားဖြစ် မနက်က ထမင်းကြော်တွေနဲ့
ရင်ပြည့်နေသည်

ထမင်းမစားချင်တာကြောင့် တရေးတမော ပြန်အိပ်ကာ နိုးလာမှ အလုပ်ဆက်လုပ်သည်

မစားရလိုဖြစ်သည် မအိပ်ရလို့ မဖြစ်ပါချေ

အလုပ်လုပ်ရင်း မနက်ကမွေးနေ့ဖိတ်သွားတဲ့ ကောင်အတွက် မွေးနေ့လက်ဆောင်ဘာပေးရမှန်းမသိ

ခမ်းလီ ထိုအကောင်အားဖုန်းတစ်ချက်ခေါ်တော့ ပထမ မကိုင် နောက်တစ်ခါမှ ကိုင်ကာ
ဖုန်းထဲမှာ ဆူညံသံတွေကြားရသည်

ခနကြာမှ တိတ်ဆိတ်သွားပြီး ​ကျက်သတုန်း
အသံထွက်လာသည်

"ဘာလဲ မနက်ကမှ တွေ့ပြီးပြီကို လွမ်းနေတာလား"

"သေလိုက်လေ "

"အဲ့တာဆို အသံကြားချင်လို့ဖုန်းဆက်တာလား"

"စောက်ရူးစကားတွေမပြောနဲ့ မင်းမွေးနေ့လက်ဆောင်ဘာလိုချင်လဲ"

"မင်းကို"

"လက်သီးတောင်းနေတာလား "

"ညီ့ကို"

"ဓားနဲ့ ထိုးခံချင်လို့လားမင်း"

"ဟော ငါလိုချင်တာငါပြောတာကို"

"အကောင်းပြောစမ်းသူရစစ်နိုင်"

"ကွန်ဒုံးတစ်ဖာပေး"

"ဒီအကောင်"

သူဆဲမလို့ ဟိုကောင်က ဖုန်းချသွားသည် တကယ်ဘဲ ကွန်ဒုံးတစ်ဖာပေးရမှာလား

CompetitorWhere stories live. Discover now