37

2.4K 74 5
                                    

uni

(အောက်ပါအကြောင်းအရာများသည် အပြင်လောကတွင် မရှိနိုင်တာမျိုးဖြစ်ချင်ဖြစ်နိုင်ပါသည် စာရေးသူ၏ စိတ်ကူးသက်သက်သာ)

ခမ်းလီပြောထားတဲ့ အတိုင်း ညတွင်းချင်း ဆရာဝန်ကို ဘိုကင်တင်ကာ နေ့လည်လောက်ကြတော့ထွက်ခဲ့သည်

"မင်း သေချာပြီလား"

"မသေချာစရာဘာမှမရှိဘူး"

"ကောင်းပြီလေ "

ကားတွေက လမ်းမကြီးမှ
တရွေ့ရွေ့သွားနေကြပြီး သူရ
အပျော်တွေဟာလည်း တစ်ရိတ်ရိတ်တက်နေသည်

ခမ်းကို ချည်နှောင်စရာကြိုးမျှင်လေးရှိပြီ မောင့်နားက ထွက်မသွားနိုင်အောင် အဲ့ကြိုးလေးနဲ့ ချည်ထားမှာ

ဆေးရုံရောက်တော့ သိပ်စောင့်ဆိုင်းစရာမလို ဘိုကင်တင်ထားတာကြောင့် တန်းပြီးပြရုံဖြစ်သည်

ခမ်းလီ တို့ အတော်အတန်အကြာ ဆရာဝန်နဲ့ ဆွေးနွေးမှုတွေလုပ်ကြပြီး ဘေးထွက်ဆိုးကျိုးနှင့် ဆောင်ရန်ရှောင်ရန်များပါပြောကြားခဲ့သည်

"ယောကျာ်းလေးက မိန်ကလေးတွေနဲ့ ဟော်မုန်းမတူတာကြောင့်
အခက်အခဲတွေရှိလိမ့် စိတ်ကျရောဂါတွေပါရနိုင်ပြီး ကိုယ်ဝန်ကလည်း ပျက်ကျတာအရမ်းလွယ်လိမ့်မယ် မင်းတို့ သေချာပြီလား"

ခမ်းလီ သူရရဲ့ လက်ကို အပေါ်ကနေ
အုပ်ကိုင်ပေးလိုက်သည်

"သေချာပါတယ်"

"ကောင်းပြီ ဒီမှာလက်မှတ်ထိုးပေးပါ "

နှစ်ယောက်လုံးလက်မှတ်ထိုးပေးလိုက်ကြပြီး ခနအကြာ အပြင်မှာစောင့်စေသည်

"ဒီက အကို ခွဲစိတ်ဖို့ ပြင်ဆင်ပေးရပါမယ် ကျွန်မနောက်လိုက်ခဲ့ပါ"

nurse လေးတစ်ယောက်ကာ ခေါ်တာမို့ နှစ်ယောက်သား လက်များတွဲကာ ခေါ်ဆောင်ရာနောက်လိုက်ပါသွားသည်

ခွဲစိတ်ဖို့အတွက် သူရစစ်နိုင်ကို ဝတ်ဆုံတွေ ဘာတွေ ဝတ်ပေးကာ ဆေးပိုက်တွေ ဘာတွေ တပ်ပြီး ကုတင်ပေါ်မှာလဲလျောင်းစေသည်

ဆေးရုံကြောက်တတ်တဲ့ သူက အခုလိုမျိုးကတော့လည်း မကြောက်တော့သလိုမျိုးပဲ

CompetitorWhere stories live. Discover now