uni
"ကျွန်တော်က ဒီကလူအားလုံးကို ဖေဖေ့တုန်းက သစ္စာရှိတဲ့ အတိုင်း ကျွန်တော့်အပေါ်လည်း သစ္စာရှိမယ်ထင်ခဲ့တာ "
ဖိုင်တွဲကို စောင့်ချကာ လက်နှစ်ဖက်ပိုက်ပြီး
ခုံကိုမှီထားလိုက်သည်ခမ်းလီ ရှေ့မှ လူများက ခေါင်းများငုံ့နေကာ စကားသံတစ်လုံးမှ ထွက်မလာပေ
"သတိပေးခဲ့တယ်နော် အခုလို
မျက်နှာပျက်စရာတွေမဖြစ်စေချင်လို့""ကျွန်တော်တို့ တောင်းပန်ပါတယ်ခွင့်လွှင့်ပေးပါ"
"ခွင့်လွှတ်ပေးရမယ် ဆိုင်ရဲ့ အဓိက ဝယ်ယူသူတွေရဲ့ အချက်အလက်နဲ့ ဒီဇိုင်းတွေကို ပေါက်ကြားစေတာ အားလုံးကို ထောင်ထဲ ဖမ်းထည့်လိုက်လို့ရတယ်"
"မလုပ်ပါတယ် ကျွန်တော်တို့နောက်မှာ မိသားစုတွေရှိသေးလို့ပါ"
"မိသားစုက လူတိုင်းရှိတယ် ကိုယ့်ဟာကို အလုပ်ထွက်မလား အလုပ်ထုတ်ရမလား "
"မလုပ်ပါနဲ့"
"အထုတ်ခံရရင် ဘယ်သူမှ အလုပ်ခန့်ရဲမှာ မဟုတ်ဘူးနော်"
"ထွက်ပါ့မယ်"
"ပစ္စည်းတွေသိမ်းပြီး အခုချက်ချင်းထွက်သွားပါ"
အကုန်လုံးက ခေါင်းများ ငုံ့လျက်ထွက်သွားကြသည်
"တောက်စ် လူရင်းတွေမို့ ယုံကြည်ထားတာကို ယုံကြည်မှုကို အလွဲသုံးစားလုပ်ရတယ်လို့ကွာ"
ဒေါက် ဒေါက်
"ဝင်ခဲ့"
"အကို ဒီမှာ နှစ်ချုပ်စာရင်းတွေနဲ့ မြေကွက်အသစ်ရဲ့ အချက်အလက်တွေပါ"
ညီက ဝင်လာကာ ဖိုင်တွေအထပ်လိုက်လာပေးသည်
"ဟိုဘက်ဆိုင်မှာ ဦးစီးရတာအဆင်ပြေရဲ့လား"
"ပြေပါတယ် ဝယ်ယူသူတွေအရမ်းများလာလို့ ဝန်ထမ်းတွေတောင်ထပ်တိုးထားရတယ်"
ထိုဆိုင်ခွဲက ဆိုင်ကြီးပြီးရင် ဒုတိယ ဖြစ်တာမို့ လွှတ်ထားလို့မရတာကြောင့် ညီ့ကို ဦးစီးခိုင်းထားရသည်
"ပင်ပန်းသွားပြီ လစာထဲ ဘောနပ်စ်
ထပ်ပေါင်းပေးထားတယ်"စက္ကူအိတ်လေးကို ညီ့လက်ထဲ ထည့်ပေးလိုက်သည်

YOU ARE READING
Competitor
Romanceကြည့်ချင် ထိချင် တွယ်ကာ ငြိချင်တာ မင်းတစ်ယောက်သာ.... ကြည့်ချင် ထိချင် တွယ်ကာ ငြိချင်တာ မင်းတစ်ယောက်သာ.... start:22.10.2023 end:31.3.2024