uni
"ဟယ်လို အဖေ အခမ်းနားစနေပြီ မလာသေးဘူးလား"
"အေး ဆူးဝမ်ပြင်နေတာကြာနေလို့ အဖေတို့လာနေပြီ"
"ထားခဲ့လိုက် အဲ့ဟာမကို"
"အစ်ကိုနော် "
အဖေနဲ့ ဖုန်းပြောနေတုန်း ဆူးဝမ်အသံဆူးဆူးလေးကို ကြားလိုက်သည်
"ဟဲ့ နင်မလှတဲ့ ရုပ်ကို ပြင်မနေနဲ့"
"တော်ပြီ အဖေ သမီးမလိုက်တော့ဘူး"
ခမ်းလီ ဘွဲ့နှင်းသဘင်အခမ်းအနားကိုရောက်နေတာဖြစ်သည် မကြာမှီ အခမ်းအနား စတင်တော့မှာဖြစ်ရာ အဖေတို့ကမရောက်လာသေး
သူကသူ့ဘာသာ အရင်ကြိုထွက်လာတာမို့
မရောက်သေးတဲ့ အဖေတို့ကို ဖုန်းတဂွမ်ဂွမ်ခေါ်နေရသည်မကြာပါ အဖေတော့ရောက်လာလေသည် ဆူးဝမ်မကတော့ ဆူဆူပုတ်ပုတ်နဲ့ ဆောင့်အောင့်နေသည်
"အဖေက သမီးနေခဲ့ပါမယ်ဆို"
"အော် သမီးကလည်း ကိုယ့်အစ်ကိုဘွဲ့ယူတာ မိသားစုစုံစုံလင်လင်လေးဓာတ်ပုံရိုက်ရအောင်လို့ကို"
"ကြာသာနေတာ ပြင်ပြီးထွက်လာလည်း
ဒီရုပ်ပဲကို"ဆူးဝမ်ပြန်မပြောမျက်စောင်းထိုးပေးလိုက်သည် အလကားအစ်ကို သူများတွေဆို ကိုယ့်ညီမကို လှတယ် ဘာညာပြောနေချ်ိန် အမြဲ အဲ့အတိုင်းပဲ
ထို့နောက် အခမ်းနားမှူးက အခန်းနားစတင်ကြောင်းကြေညာပြီး
မော်ကွန်းထိန်းက မိန့်ခွန်းပြောကြားသည်ဆရာ ဆရာမများက မိန့်ကွန်းပြောကြားပြီးသည့်နောက်မှာ ခမ်းလီတို့ တစ်ယောက်ပြီးတစ်ယောက် ဘွဲ့ လက်မှတ်များတက်ယူကျသည်
ဘွဲ့နှင်းသဘင်အခန်းအနားကြီးပြီးတော့ အကုန်လုံး ဦးထုပ်များကိုလေထဲသို့မြှောက်လိုက်ကာလက်ခုပ်တီး၍ အခမ်းအနား
ပိတ်သိမ်းလိုက်သည်"ဟဲ့ဆူးဝမ်လာလေ ဓာတ်ပုံရိုက်မယ်"
"မလာဘူး ကိုယ့်ဟာကိုရိုက်"
အဖေနဲ့ သူနဲ့ ဓာတ်ပုံရိုက်နေရာ ဆူးဝမ်က ဘေးမှာရပ်နေသည်
"အော် ညီမလေးရယ် လာပါ ငါက စတာကို"
YOU ARE READING
Competitor
Romanceကြည့်ချင် ထိချင် တွယ်ကာ ငြိချင်တာ မင်းတစ်ယောက်သာ.... ကြည့်ချင် ထိချင် တွယ်ကာ ငြိချင်တာ မင်းတစ်ယောက်သာ.... start:22.10.2023 end:31.3.2024