3

3.2K 92 1
                                    

uni

ရာသီတွေပြောင်းလဲလာတာနဲ့အမျှ အချိန်ကာလတွေလည်းတဖြေးဖြေးကုန်ဆုံးခဲ့လေပြီ
ကျောင်းတက်၍ကုန်ဆုံးခဲ့ရသည့်အချိန်တွေဟာ
နှစ်ခါပြန်မရနိုင်တဲ့အရာတွေပင်
ထိုကျောင်းကြီးမှာ ပျော်ကြသည်
ဝမ်းနည်းကြသည် ချစ်ကြသည်
ကျောင်းတော်ကြီးဟာ ငယ်ဘဝရဲ့ မှတ်တိုင်တစ်ခု

အခုဆို ခမ်းလီတို့လည်း ဆယ်တန်းစာမေးပွဲကြီးကိုဖြေပြီးသွားပြီဖြစ်ရာ အားလပ်ရက်ပိတ်ရက်ရှည်ကြီးတစ်ခုကိုရောက်ရှိခဲ့သည်

ခမ်းလီကတော့ ဘယ်မှသွားဖို့အစီစဥ်မရှိပါ အေးဆေးစားလိုက်အိပ်လိုက်နဲ့သာ ကုန်ဆုံးချင်သည်
သို့သော် အဖေတို့က မိုးကုတ်ကိုပြန်သည်လေ ခမ်းလီ
ဘဝကံဆိုးမိုးမှောင်ကျတော့တာပဲ

"အဖေ သားမလိုက်လို့မရဘူးလား ဒီမှာပဲ
လိမ်လိမ်မာမာနေမယ်လေနော်"

"နှစ်ခါမပြောဘူး ကားပေါ်တက်"

ခမ်းလီပြောမရတဲ့အဆုံးဆူဆောင့်ကာ တက်လိုက်သည် ဘာမှန်းမသိ အဖေတို့က တစ်ချိန်လုံးမိုးကုတ်ပဲသွားချင်

"အစ်ကိုကလည်း အီးမှန်တဲ့ရုပ်ကြီးနဲ့"

"မှန်တဲ့အီး နင့်ကိုကျွေးမယ်"

"အစ်ကိုနော် ညစ်ညစ်ပတ်ပတ်တွေ"

"ဆူးဝမ် ငါညစ်နေတာနော် နင်အပေါ်အကုန်ရောက်သွားမယ်"

ထိုသို့ပြောလိုက်တော့ ဆူးဝမ်မ ပါးစပ်ပိတ်သွားကာ ဟိုဘက်လှည့်သွားသည်

ဆူးဝမ်နဲ့သူနဲ့က ကားနောက်ခန်းမှာထိုင်ကာ အဖေက ကားရှေ့ခန်းမှာမောင်းနေသည်
ညဘက်မှစထွက်တာမို့ နေ့လည်မှ မိုးကုတ်ကိုရောက်မည်

ခမ်းလီကားပြတင်းပေါက်ဘက်ကိုမေးတင်ကာ ဘေးရှုခင်းများကိုသာကြည့်ရှုနေလိုက်သည် ထို့နောက်မျက်လုံးများလေးလာတာမို့ မှိတ်ချကာ အိပ်လိုက်သည်

"အစ်ကိုရေ ထဦး မနက်စာစားမယ်"

ဆူးဝမ်မရဲ့ အသံဆိုးကြောင့် ခမ်းလီနိုးလာရကာ သာယာတဲ့ မနက်ခင်းလေးကို ညစ်နွမ်းစေသည်

"ဆူးဝမ် အသဲပြဲကြီးနဲ့မအော်လို့မရဘူးလား "

"အစ်ကိုမှ မနိုးတာကို"

CompetitorWhere stories live. Discover now