29

2.2K 57 0
                                    

uni

မနက်လင်းတော့ သူရဘေးက လူက ဒဏ်ရာတွေနဲ့ ညိုမဲစွဲနေကာ အိပ်နေသည်

သူပေးထားတဲ့ ဒဏ်ရာတွေဖြင့် ခမ်းက
လှချင်တိုင်းလှနေသည်

နှုတ်ခမ်းသားများမှာ သွေးတွေကလည်း ခြောက်ကပ်လို့ နှုတ်ဘေးနှစ်ဖက်ကွဲသွားတာပဲ

သူရ အောက်ကျနေတဲ့ ဘောင်းဘီတစ်ထည်ကောက်စွတ်လိုက်ပြီး အောက်ထပ်ဆင်းကာ ရေနွေးသွားတည်လိုက်သည်

ဆန်ပြုတ် ပြုတ်ဖို့အတွက် ဒယ်အိုးမီးဖွင့်ကာ
ရေခဲသေတ္တာထဲမှ ကြက်သားကိုထုတ်ကာ ရေဆေးလိုက်ပြီး  ငရုတ်ကောင်းရယ် ဟင်းခတ်မှုတ်ရယ်ထည့်ကာ ပြုတ်လိုက်သည်

တည်ထားတဲ့ရေနွေးကို ဇလုံထဲထည့်ကာ ခန အအေးခံလိုက်သည်

ရေနွေးအအေးခံနေတုန်း ကြက်သားပြုတ်အိုးက ဆူနေတာကြောင့် ကြက်သားတွေကို ဆည်ပြီး ခနထားကာ ဆန်ကို ကြက်သားပြုတ်ထဲ ထည့်ကာ ဆန်စေ့ကွဲအောင်ထိပြုတ်လိုက်သည်

ကြက်သားလေးတွေကို သေချာ ဖဲ့ကာ အမွှလေးတွေဖြစ်အောင်နွှင်လိုက်ပြီး ဆန်ပြုတ်အိုးလေးထဲ ထည့်လိုက်သည်

ကြက်သားက ပူနေတာကြောင့် လက်ထိပ်တွေမှာ နီရဲနေသည်

ခနလောက်ကြာမှ မီးပိတ်လိုက်ပြီး အရသာမြည်းကြည့်ကာ ကြက်သွန်မြိတ်လေးခတ်ပြီး အဖုံးအုပ်ထားလိုက်သည်

အအေးခံထားတဲ့ ရေနွေးဇလုံကို အပေါ်ထပ်ကိုသယ်လာခဲ့ပြီး ကုတင်ဘေးကစားပွဲပေါ်တင်ကာ ပုဝါတစ်ထည်ရှာလိုက်သည်

ထိုပုဝါကို ရေထဲနှစ်ကာ ရေညစ်လိုက်ပြီး မျက်နှာပေါ်မှ ခြောက်နေတဲ့ သွေးစတွေကို
သန့်ရှင်းပေးသည်
ရင်ဘတ်ပေါ်က ကြာပွတ်ရာတွေကိုသန့်ရှင်းပေးလိုက်တော့ ခမ်းက နာလို့ထင်သည် အနည်းငယ်တွန့်သွားသည်

ဥုံဖွပါ ခမ်းရယ် ဥုံဖွ မောင်က
သိပ်ချစ်လွန်းလို့ပါ

အောက်ပိုင်းကိုလည်း သန့်ရှင်းရေးသေချာလုပ်ပေးလိုက်ကာ အဝတ်စားမဝတ်ပေးသေးပဲ စောင်လေးသာခြုံပေးထားလိုက်သည်

ဇလုံထဲကရေတွေက သွေးရောင်ပြောင်းကာ နီရဲနေသည် ထိုနီရဲရဲအရည်များကို ရေချိုးခန်းက ဘေစင်ထဲမှာ သွားသွန်လိုက်ပြီး ပုဝါစလေးကိုလည်း လျှော်ကာ လှန်းထားလိုက်သည်

CompetitorWhere stories live. Discover now