uni
"ဟျောင့် မင်းမလား ငါ့စော်ကို ကြောင်တောင်နှိုက်တာ"
သူရ မီးရောင်မှိန်မှိန်အောက်မှာ အေးဆေး အရက်အား ဇိမ်ခံသောက်နေတုန်း ဘယ်က ကလေကချေတွေရောက်လာလဲမသိ
"ဘယ်တစ်ယောက်လဲ"
"ဟ မင်းမနေ့က ခါးဖတ်ပြီး club ထဲကထွက်သွားတာလေ "
"oh! များလွန်းလို့ မှတ်တောင်မမှတ်မိဘူး"
"ကြောက်တတ်တယ်နဲ့တူတယ် လာလိမ်နေတယ်"
ချိတ်ထားတဲ့ခြေထောက်ကိုဖြည်ကာ ထိုအကောင်ရင်ဝကိုဆောင့်ကန်လိုက်သည်
"အင်းး ကြောက်တတ်တယ်"
နှုတ်ခမ်းတစ်ဖတ်တွန့်ကာ ပြောတော့ လဲကျသွားတဲ့အကောင်က ပေါက်ကွဲလေပြီ
"ဟျောင့်တွေ သေအောင်ရိုက် ဖြစ်သမျှငါရှင်းမယ်"
ထိုသို့ပြောတော့ ပါလာတဲ့ခွေးတွေကို သူ့ကိုဝိုင်းထိုးကျသည်
ငါးယောက်တစ်ယောက်ဝိုင်းထားကာ အနောက်က တစ်ယောက်ကသူရစစ်နိုင်ကို အရင်လာထိုးသည်
ထိုးတဲ့လက်ကို ရှောင်ကာ မျက်ခွက်ကို တံတောင်စာ ကျွေးလိုက်ပြီး ဆံပင်ကိုဆောင့်ဆွဲကာ ကျန်တဲ့ ကောင်တွေဆီ စောင့်တွန်းလိုက်သည်
ခွမ်းးး
ပုလင်းခွဲသံတစ်ခုကြားလိုက်ရပြီး နောက်တစ်ယောက်က ပုလင်းကွဲကိုင်ကာ ရှေ့ကိုတိုးလာသည်
ပုလင်းအချွန်အားရှောင်လိုက်ပေမယ့် လက်မောင်းကို ရှပ်ထိသွားသည်
အသားနာရင် စိတ်တိုတတ်တဲ့သူပီပီ လည်ပင်းကြောတွေထောင်လာကာ ထိုအကောင်ရဲ့ မျက်နှာကိုအဆက်မပြတ် ထိုးပေးလိုက်ကာ ခေါင်းကို ကိုင်ပြီး ခုံနဲ့ အဆက်မပြတ် ရိုက်ပေးလိုက်သည်
နဖူးမှသွေးများ ရဲထွက်လာသည်အထိ ခေါင်းကို ခုံနဲ့ ဆောင့်ချနေကာ ကျန်တဲ့ သူတွေဘက်လှည့်ပြီး ပြုံးပြမိသည်
ထိုကောင်တွေမှာ သရဲကိုတွေ့သလိုမျိုး လန့်ဖြန့်ကာ သွေးများမရှိတော့သလို ဖြူစုပ်ကာ နောက်ဆုတ်သွားကျသည်
မကြာပါ club ရဲ့ မန်နေဂျာရောက်လာတာမို့ ထိုကောင်တွေ သူရစစ်နိုင်လက်က လွှတ်မြောက်သွားရသည်
YOU ARE READING
Competitor
Romanceကြည့်ချင် ထိချင် တွယ်ကာ ငြိချင်တာ မင်းတစ်ယောက်သာ.... ကြည့်ချင် ထိချင် တွယ်ကာ ငြိချင်တာ မင်းတစ်ယောက်သာ.... start:22.10.2023 end:31.3.2024