uni
ခမ်းလီနဲ့သူရတို့ တဂျက်ဂျက်
ရန်ဖြစ်နေပေမယ့် ထိုးကျိတ်ပြီးရုံးခန်းရောက်တာလောက်တဲ့အထိမရှ်ိတော့"ဟျောင့် ငါ့ ဖတ်စာအုပ်ကို ဘောမို့လို့ လျှောက်ခြစ်နေတာလား"
ခမ်းလီက လက်ကမြင်းနေတဲ့ထိုအကောင်ကို ပြောလိုက်သည်
"မင်းမျက်ခွက်ကိုထိုးမရလို့ ဖတ်စာအုပ်ကိုခြစ်တာ"
"နွား ဖတ်စာအုပ်မပါလာလို့လည်း အတူကြည့်ပေးရသေးတယ်"
"ကြည့်ပေးပါလို့တောင်းဆိုနေလို့လား "
"ငါကလည်း ပေးကြည့်ချင်တယ်များထင်နေသလား
ဆရာမက အတူကြည့်ခိုင်းလို့ကွ""ဟဲ့ ဟိုနှစ်ကောင် အတန်းရှေ့ထွက်လက်လာမြှောက်နေ ကျွတ်ကျွတ် ကျွတ်ကျွတ်နဲ့ နင်တို့အသံကြီးပဲ"
တစ်ယောက်နဲ့တစ်ယောက် ဂျိုကြည့်ကြည့်ကာ အတန်းရှေ့လက်ထွက်မြှောက်ရသည်
လက်မြှောက်တော့ ခမ်းလီးက သူရစစ်နိုင်ပုခုံးပေါ်
တထောင်တင်ကာ မြှောက်ထားသည်"အိုက်ခမ်းလီ လီးမို့လာတင်တာလား"
"မင်း ငါ့စာအုပ်ကိုခြစ်လို့ ထွက်မြှောက်ရတာ ငါက မင်းအပေါ်တင်ခွင့်ရှိတယ်"
"စုတောင်းနေလိုက်"
သူရက ခမ်းလီနဲ့ လွတ်အောင်ဟိုဘက်တိုးမြှောက်သည်
ခမ်းလီကလိုက်တိုးတော့ သူရကလည်းတိုးသည်
တိုးရင်းတိုးရင်းနဲ့ ဆရာမစာသင်နေတဲ့ကျောက်သင်ပုန်းနားရောက်သည်အထိ မရပ်သေးထို့နောက်သူရက စာသင်နေတဲ့ဆရာမကိုပါ သွားတိုးမိသည်
ခမ်းလီခပ်ကြိတ်ကြိတ်ရီကာ သူရနားလိုက်မတိုးဘဲ ဟိုဘက်ကိုမသိမသာလေးတိုးနေလိုက်သည်
"သူရစစ်နိုင် နင်ဘယ်လို့ဖြစ်လို့ ငါ့ကို လာတိုက်တာလဲ"
"ဆရာမ အိုက်ခမ်းလီက ကျွန်တော့်ကို ပခုံးပေါ် လက်လာတင်လို့ ကျွန်တော်ကဟိုဘက်တိုးတော့
သူပါလိုက်တိုးလာတာမို့ပါ""ဆရာမ သူကျွန်တော့်ကို စွတ်စွဲနေတာ ကျွန်တော်တောင်မရွေ့ဘူး"

YOU ARE READING
Competitor
Romanceကြည့်ချင် ထိချင် တွယ်ကာ ငြိချင်တာ မင်းတစ်ယောက်သာ.... ကြည့်ချင် ထိချင် တွယ်ကာ ငြိချင်တာ မင်းတစ်ယောက်သာ.... start:22.10.2023 end:31.3.2024