40(final)

5K 118 5
                                    

uni

သူရစစ်နိုင်က အိပ်ယာပေါ်မှာ အချိန်အတော်ကြာ လဲလျောင်းခဲ့တာမို့ လမ်းလျှောက်လို့
မရပေ ဝီးချဲလ် အသုံးပြုကာ သွားလာနေရသည်

လမ်းပြန်လျှောက်နိုင်အောင် လေကျင့်ခန်းတွေလည်း လုပ်နေရသည်

"ဖေဖေ မီးကိုလိုက်ဖမ်း"

"မိတော့မှာနော် မပြေးနဲ့"

သမီးလေးက မောင်မှ မောင်ဖြစ်သည် အမြဲတမ်း သူ့အဖေနားကပ်နေတတ်သည် အခုလည်း ခြံထဲမှာ ကလေးကို ဝှီးချဲလ်ကြီးနဲ့ လိုက်ဖမ်းနေပြန်သည်

ခမ်းလီကတော့ ဒန်းပေါ်မှာ အေးဆေးထိုင်ကာ laptopတစ်လုံးနဲ့ အလုပ်လုပ်နေသည်

"ပါးပါး အသီးစား"

"ခွံ့ကျွေးပါဦး ပါးပါးလက်မအားလို့"

သားကတော့ သူနားမှာနေကာ အသီးတွေ ခွံ့ကျွေးနေသည်

"ဖေဖေနဲ့ သွားမဆော့ဘူးလား သား"

"ဟင့်အင်း"

"စိမ်းနေသေးတာလား မစိမ်းပါနဲ့ အဲ့ဖေဖေက ဗိုက်ကြီးထဲကနေ သားတို့နှစ်ယောက်ကို ထုတ်ထားတာ"

မျက်လုံးလေးပေကလပ်ပေကလပ်နဲ့
နားမလည်သလို ကြည့်လာသည်

"မယုံရင် ဗိုက်သွားလှန်ကြည့် ဒဏ်ရာကြီးရှိတယ်"

လက်တွေ့ကိုသာ ယုံတတ်သည့်ကလေးမို့ ပြောလိုက်တော့ သူ့ဖေဖေအနားရောက်သွားသည်

"ဖေဖေ"

"အော် သားလေး ပြောလေ"

"ဖေဖေ ဗိုက်မှာ နာနာရှိတယ်ဆို"

"ဟမ် မရှိပါဘူး"

"ပါးပါးပြောတာ ဖေဖေဗိုက်မှာ သားတို့ကို မွေးထားတဲ့ နာနာကြီးရှိတယ်တဲ့"

"အော် အဲ့တာတော့ ရှိတာပေါ့သားရ"

"ပြပါလား"

သူရဗိုက်လှန်ပြတော့ သားက အမာရွတ်ကို တို့ထိလာသည်

"နာလား"

"မနာတော့ဘူး "

"ပါးပါး ဗိုက်မှာ နာနာကြီး အဟင့်ဟင့်"

ရုတ်တရက် ခွဲထားတဲ့ အမာရွတ်ကိုမြင်ကာ သမီးလေးက ထငိုသည်

"နာနာကြီးက မနာတော့ပါဘူး လာပါဦး
ဖေ့ချစ်ဆုံးရဲ့ မငိုပါနဲ့"

CompetitorWhere stories live. Discover now