8

2.4K 78 0
                                    

uni

သူရစစ်နိုင်နဲ့ ညီတို့ချစ်သူဖြစ်တာတစ်ပတ်ကျော်လေပြီ သူလည်းအသဲကွဲနေတာ တစ်ပတ်ရှိပြီဆိုပါတော့

အရက်သောက်ပြီးမူးရူးကာအသဲကွဲချင်ပါသော်လည်း အရက်ကမသောက်နိုင်

ညီနဲ့ ဟိုခွေးမျိုးကို တွဲမြင်ရလျှင် နှလုံးသားက အောင့်တက်လာတာမို့ မတွေ့အောင်သာရှောင်နေမိသည်

ခုလည်းကန်တင်းမှာတစ်ယောက်တည်း
ကိုလာတစ်ဘူးသောက်ကာ ဟိုဟိုဒီဒီသာတွေးတောနေလိုက်သည်

"ဟေ့ မိန်းမလေး ကြောက်ပြီးရှောင်နေတာလား ကိုယ့်ကို"

သူရ လငမုတ်ဖမ်းနေသော ခမ်းလီကိုပြောကာ ဝင်ထိုင်လာသည်

"သွားကျွတ်ချင်နေတာလား လီးကိုမိန်းမ"

"အော ဟော မင်းက အလောင်းအစားလုပ်ပြီးရှောင်နေတာကို ဘယ်လိုလဲ ငါနိုင်တယ်နော်"

"သွားစမ်းပါကွာ အေးဆေးနေပါရစေ"

"မိန်းမလေးက အဲ့လိုရှောင်လို့မရဘူးလေ ကတိဆိုတာတည်ရတယ်"

"သူရစစ်နိုင်သေချင်နေတာလား ပြော ငါ
ဘာလုပ်ပေးရမလဲ"

"ဖင်ကုန်းပေးလေ"

"သူတောင်းစား ခွေးမျိုး မင်းလာစမ်း"

"ဟားးးဟားးး"

လက်သီးတပြင်ပြင်နဲ့ထိုင်ခုံမှ ထလာတဲ့အကောင်ကြောင့်သူရအော်ရီလို​က်သည်

"စတာပါကွာ မင်းချပါဆိုတောင် ငါမချဘူး ရွံလို့"

"မင်းများနေပြီနော် ဟျောင့် လစ်လိုက်တော့ "

"ကောင်းပြီ ကောင်းပြီ ငါအတည်ပြောမယ်
အလောင်းအစားနိုင်သွားတဲ့အတွက် ငါခိုင်းတာမင်းလုပ်ရမယ်မလား"

"အေး"

"မင်း ညီ့ကို ဖွင့်ပြော"

"ဘာ မင်းရူးနေတာလား"

ခမ်းလီထိုသို့မေးတော့ သကောင့်သားက ခပ်ရွဲ့ရွဲ့ပြုံးသည်

"ငါခိုင်းတာမင်းလုပ်ရမှာနော် မင်းပြောရမယ်"

"တခြားဟာခိုင်းကွာ အဲ့တာတော့မလုပ်နဲ့
အခုညီနဲ့ မင်းနဲ့ကတွဲနေတာလေ ငါသွားပြောလည်းအငြင်းခံရမှာပဲ ပြီးတော့ ညီတစ်မျိုးမြင်သွားမှာ မလိုလားဘူး"

CompetitorWhere stories live. Discover now