32

2.2K 63 0
                                    

uni

မီးဖိုချောင်ထဲ တကုတ်ကုတ်အလုပ်ရှုပ်နေတဲ့
ကျောပြင်ကျယ်ကိုကြည့်ကာ နည်းနည်းတော့ သနားစိတ်ဝင်လာမိသည်

သူရစစ်နိုင် ဘယ်လောက်အကြောတင်းပြီးမာနကြီးသလဲ ဆိုတာ ငယ်ငယ်ထဲက
ပေါင်းလာတဲ့ ခမ်းလီ အသိဆုံးဖြစ်သည်

သူရစစ်နိုင်ဒူးထောက်တာကို မြင်အချိန်
ခမ်းလီရင်ထဲ ထိတ်ကနဲ ဖြစ်သွားကာ
စိတ်များတိုလာသည်

ကိုယ့်ကိုကိုယ်လည်း နားမလည်နိုင်တဲ့အတွက် သူရစစ်နိုင်ကို နားလည်ဖို့ခက်တာ
မဆန်းပေ

"ဟေး ဘာတွေ တွေးနေတာလဲ"

"ဘာမှ မဟုတ်ပါဘူး ဒီလိုပဲ"

"စားတော့လေ "

"မင်းရော မစားဘူးလား"

"မောင် ဗိုက်မဆာသေးဘူး"

"အင်း"

"ညီဘုန်းပြည့်ဆီ မသွားတော့ဘူးမလားဟင်"

"ငါ့ကိစ္စပါ"

"ခမ်းကိစ္စက မောင့်ကိစ္စပဲလေ"

"ငါစိတ်တွေရှုပ်နေတယ် သူရစစ်နိုင် အေးဆေးနေပေး"

"ဟုတ်ပါပြီ"

စားပွဲခုံပေါ်လက်တင်ကာ ခေါင်းမှောက်အိပ်လိုက်ပြီး ခမ်းစားတာလေးကိုပဲ ကြည့်နေမိသည်

မင်းကို ရဖို့ဆို ဘာမဆိုလုပ်နိုင်တယ် ခမ်း
မောင်က အချစ်ကြီးတယ် မင်းကို ပိုင်ဆိုင်ရမှ ဖြစ်မှာခမ်း

"ရင်ခုန်တယ် ခမ်း"

"မသေသေးလို့ ရင်ခုန်တာပဲ ဆန်းလား"

"ရင်ခုန်သံတွေ က ခမ်းကို ချစ်တယ် ဆိုပြီး ပြောနေတာ"

"စောက်ဆန်းကြီး"

"တကယ်ပါကွာ မောင်မင်းကို တကယ်ချစ်သွားတာ"

"အဲ့တော့ဘာလုပ်ပေးရမှာလဲ "

"ပြန်ချစ်လေ တစ်ဘဝလုံး ချက်ပြုတ်ကျွေးမယ်"

"ဝယ်စားလို့ရတယ် မလိုဘူး ကျေးဇူး"

"တကယ့် ခေါင်းမာတဲ့ကောင်"

"ဘာဖြစ်လဲ"

"ပြန်ချစ်လေဗျာ မောင် တစ်ဘဝလုံး
ဟင်းချက်ကျွေးပါမယ်ဆို"

CompetitorWhere stories live. Discover now