uniuni
ခမ်းလီ အစတုန်းကသူငယ်ချင်းမရှိပါ
ဘယ်သူ့မှကို သောက်ဖတ်လုပ်ပြီး စကားမပြောချင်တာလည်းပါသည်မကြာပါ သူ့ကို့ အတင်းလာရောတဲ့ အမွှာနှစ်ကောင်နဲ့
သူငယ်ချင်းဖြစ်ခဲ့သည်"ခမ်းလီ မင်း ရောက်လာပြီလား မင်းအတွက်
နေရာဦးပေးထားတယ် လာထိုင်"သူ့တို့ခမ်းလီ အပေါ်အရမ်းကောင်းနေသလိုခံစားရသည် သူတို့နှစ်ကောင်ကလည်း ပိုက်ဆံရှိ ဆွေကြီးမျိုးကြီးထဲက ဖြစ်ရာ ရုပ်ရည်မှာလည်း
အသင့်အတင့်ရှိသည်"အဲ့လောက်ကြီး ငါ့အတွက် လုပ်ပေးဖို့မလိုဘူး နေရာမရှိလည်း အဆင်ပြေတဲ့နေရာ ထိုင်လို့ရတယ်"
"ဘယ်တော့မှ ကျေးဇူးမသိတဲ့ကောင်"
"ဘာဖြစ်လဲ အဲ့တော့ "
"ဟဲဟဲ စတာပါ ရန်လိုနေသလိုပဲ"
"ငါကလည်း စတာပါကွာ ကောင်းပြည့်ရာ"
အမွှာနှစ်ကောင်မှာ ကောင်းပြည့်က အကြီးဖြစ်ပြီး စွမ်းပြည့်က အငယ်ဖြစ်သည်
ရုပ်မှာ ခွဲမရအောင်တူပေမယ့် အနေအထိုင်နဲ့ အပြောအဆိုအနည်းငယ်ကွာသည်
စွမ်းပြည့်က အငယ်ဖြစ်ပြီး အနေအေးသည်
ကောင်းပြည့်ကတော့ သွက်သွက်လပ်လပ်ရှိကာ
သောက်စကားအရမ်းများသည်ပထမစာသင်ချိန်ပြီးတော့ ကော်ရက်တာ ထွက်ကာ လေညှင်းအနည်းငယ်ခံလိုက်သည်
"ခမ်းလီ မင်းကို သုခကျော်ခေါ်နေတယ်"
စွမ်းပြည့်အပြောကြောင့် အောက်ကိုငုံ့ကြည့်တော့ တကယ်ပင်သုခကျော်ခေါ်နေလေသည်
"ဘာကိစ္စလဲပြော"
ခမ်းလီ အောက်ထပ်ကို ဆင်းသွားကာ သုခကျော်အနားသွားလိုက်သည်
"ငါတို့ရုပ်ရှင်သွားကြည့်မို့ နှစ်ယောက်တည်းဖြစ်နေလို့ မင်းတို့ရော လိုက်မလားလို့"
"လိုက်မယ်လေ ခမ်းလီသွားကြမယ်လေ"
ကောင်းပြည့်က သူ့ကိုခွင့်တောင်းသလိုပြောလာသည်
"အတန်းချိန်ရှိသေးတယ်လေ"
စွမ်းပြည့်က အစ်ကို လုပ်သူအားပြောသည်
YOU ARE READING
Competitor
Romanceကြည့်ချင် ထိချင် တွယ်ကာ ငြိချင်တာ မင်းတစ်ယောက်သာ.... ကြည့်ချင် ထိချင် တွယ်ကာ ငြိချင်တာ မင်းတစ်ယောက်သာ.... start:22.10.2023 end:31.3.2024