36

2.3K 67 2
                                    

uni

ဒီနေ့ သူ့ရဲ့ ချစ်လှစွာသော ညီမလေးရဲ့
မဂ်လာဆောင်ဖြစ်သည်

သတို့သားနဲ့ သတို့သမီးက ရွေအိုရောင်မြန်မာရိုးရာ ဝတ်ဆုံဖြင့် ကျက်သရေရှိနေပြီး
မြင်ရသူအဖို့ ကြည်နူးစေလောက်သည်

ဦးအိုက်အေရဲ့ သမီးငယ် မဂ်လာပွဲဟာ သာမန် ပွဲများနှင့်မတူပဲ ရွှေငွေများကို မဂ်လာခမ်းမ၏ နံရံတွေမှာ တန်ဆာဆင်ထားပြီး
နှင်းဆီပန်းရောင်စုံတွေဖြင့်လည်း ထပ်လောင်း ဖြည့်စွက်ထားသေးသည်

သတို့သမီးအကျီတွေမှာလည်း စိန်အစစ်တွေသုံးထားခြင်း အားဖြင့် ချမ်းသာကြွယ်ဝမှုနှင့်
အဆင့်အတန်းတစ်ခုကို ပြသနေသည်

ခမ်းလီ သနပ်ခါးရောင် တိုက်ပုံလေးကို ဆင်မြန်းထားပြီး အောက်မှ ရွှေချည်ထိုး ပုဆိုးလေးဖြင့် တွဲဝတ်ထားထားသည်

တိုက်ပုံရဲ့ ကြယ်သီးတွေက ရွှေကြယ်သီးတွေဖြစ်ပြီး ဟသာ်ပုံရွှေရင်ထိုးတစ်ခုကိုလည်း ရင်ဘတ်တွင် ချိတ်ဆွဲထားသေးသည်

ငွေရောင်က်ိုင်းမျက်မှန်လေးကို ပင့်တင်လိုက်သောအခါ ဘောင်ခတ်ထားသော မျက်ဝန်းတစ်စုံသည် သူရ၏ အသည်းနှလုံးကို လှုပ်ကိုင်နိုင်စွမ်းရှိသည် ဆေးသား အကူအညီမလိုပါပဲ ရဲနေသော နှုတ်ခမ်းလေးက
တွန့်လိုက်ပါလျှင် သူရအား စေစားနိုင်သည်

"ဘာတွေအဲ့လောက်ကြည့်နေတာလည်း
လူကို အနေရခက်အောင်"

အဝတ်လဲခန်းထဲမှ ထွက်လာတဲ့ သူ့ကို
မမှိန်မသုတ်စိုက်ကြည့်နေတာကြောင့် မေးလိုက်သည်

"မင်းကိုများ မောင်မပိုင်ရရင်လေ
မောင်တကယ် ရူးသွားနိုင်တယ်"

"မင်းကအစထဲကရူးနေတာပဲ ဥစ္စာ သွားသွား အဝတ်စားသွားလဲတော့"

"သိပ်ကြည့်မကောင်းစမ်းနဲ့ကွာ
မောင်ဖွက်ထားမိတော့မယ်"

ခမ်းရဲ့ အနားသွားလိုက်ပြီး ပါးလေးကို ဖွဖွလေး ပွတ်ကာ အဝတ်လဲ ခန်းထဲ ဝင်သွားလိုက်သည်

အမှန်တော့ နည်းနည်းနောက်ကျနေသည် သတို့သားနဲ့ သတို့သမီးတောင် ပြင်ဆင်ပြီးကာ မဂ်လာစင်မြင့်ပေါ်သို့နေရာယူနေကြပြီဖြစ်သည်

CompetitorWhere stories live. Discover now