uni
ညက မွေးနေ့ပွဲမှာ မွေးနေ့ရှင်ပျောက်သွားတာကြောင့် နိုင်ထက်ပဲ အားလုံးကို ဧည့်ခံရသည်
ထူးဆန်းသည် အိုက်အေရဲ့ သားလည်းပျောက်နေသည်တဲ့
သူရအခန်းကလည်း lock ချထားတာကြောင့် ညတုန်းကလည်း အလုပ်နည်းနည်းရှုပ်နေတာမို့ မနက်မှသာ ကြည့်ဖို့ပြင်လိုက်သည်
ဒေါက် ဒေါက် ဒေါက်
တံခါးသုံးချက်ခေါက်သော်လည်း အထဲက ဘယ်သူမှ လာမဖွင့်ပေ
ဒေါက် ဒေါက် ဒေါက်
ထပ်ခေါက်သော်လည်း မပွင့်
ထို့ကြောင့် အိမ်အကူကို တံခါးသော့ သွားယူခိုင်းလိုက်သည်အိမ်အကူယူလာတဲ့ တံခါးသော့နဲ့ဖွင့်တော့
တံခါးပွင့်သွားရာ အခန်းထဲမှာ မှောင်မဲနေသည်မီးခလုတ်ကို စမ်းကြည့်ကာ နှိပ်လိုက်တော့မှ တစ်ခန်းလုံးလင်းထိန်းသွားသည်
ဘုရားရေ ဘယ်လိုတောင်
သူရ ရဲ့ ရင်ခွင်ထဲမှာ အိုက်အေရဲ့ သားက ရှိနေပြီး ကြမ်းပြင်မှာလည်း အဝတ်အစားတွေပြန့်ကျဲနေသည်
သေချာအောင် ခြုံထားတဲ့ စောင်ကို
လှန်ကြည့်တော့ ကောင်လေးတစ်ကိုယ်လုံး ကိုက်ရာများအနီစက်များဖြင့် ရဲပတောင်းခတ်နေသည်"သူရစစ်နိုင် မင်း ထစမ်း ဟေ့ကောင်"
"အင်း အွန်း "
ငြီးညူပြီး ဟိုကလေးကို ရင်ခွင်ထဲဆွဲသွင်းသည်
"ဟေ့ကောင် ထလို့ ပြောနေတယ်လေ "
"ဦးလေးကလည်း အစောကြီးပဲကို "
သူရ အိပ်ချင်မူးတူးနဲ့ မျက်လုံးပွတ်သပ်ကာ ပြန်ဖြေမိသည်
"ဒါတွေကဘာတွေလည်း မင်းရှင်း ဘာတွေလည်းလို့"
သူရ လန့်ဖြန့်သွားပြီး ဦးလေးလက်ညိုးထိုးနေတဲ့ အိုက်ခမ်းလီကို ကြည့်လိုက်သည်
အပေါ်ပိုင်းက စောင်မခြုံထားတာကြောင့် ကိုက်ရာများအကွင်းလိုက်နှင့် အနီစက်များ
ပြည့်နှက်နေသည်မဆိုးဘူးဒီကောင်နဲ့လိုက်သား
"ဟေ့ကောင် ဘာကြောင်ကြည့်နေတာလဲ"
![](https://img.wattpad.com/cover/354691587-288-k968520.jpg)
YOU ARE READING
Competitor
Romanceကြည့်ချင် ထိချင် တွယ်ကာ ငြိချင်တာ မင်းတစ်ယောက်သာ.... ကြည့်ချင် ထိချင် တွယ်ကာ ငြိချင်တာ မင်းတစ်ယောက်သာ.... start:22.10.2023 end:31.3.2024