22

2.6K 73 3
                                    

uni

ခမ်းလီ မနက်ဘက်ညီးညီးညူညူနဲ့ထလာရသည်

အောက်ထပ်မှာ ဆူညံနေတာပဲ ဘာတွေဖြစ်နေတာတုန်းဟ

ကောင်းကောင်းမအိပ်ရတာကြောင့်
စိတ်တိုတို​ဖြင့်  ဆံပင်တွေဆွဲဖွလိုက်ပြီး
မျက်မှန်တက်ကာအောက်ထပ်သို့ ဒုန်းစိုင်းဆင်းသွားလိုက်သည်

"အဲ့ဒါဘာလုပ်နေတာလဲ သူရစစ်နိုင်"

"ပါတီလေကွာ "

သူ့ရဲ့ ဧည့်ခန်းထဲမှာ လူတွေအများကြီးရောက်နေကာ သီချင်းတွေလည်းဆူညံ
အောင်ဖွင့်ထားသည်
လူတွေကလည်း အရက်ခွက်ကိုစီနဲ့ကခုန်နေကျရာ မူးရူးနေကျသည်
ဧည့်ခန်းတစ်ခုလုံးလည်းရစရာမရှိပေပွညစ်ပတ်ကာ ထမင်းစားခန်းတွေရော အပြင်ဘက်ရေကူးကန်နားအထိပါ လူတွေရှိကာ ရေတွေတောင်ကူးနေကျသေးသည်

"ရပ်လိုက်လို့"

လှေကားနားမတ်တပ်ရပ်ကာ အော်လိုက်သော်လည်း သူ့အသံကတိုးမပေါက်
သူရစစ်နိုင်ကလည်း ပြုံးပြီးသူ့ကို ကြည့်နေသည်

စိတ်တိုတိုနဲ့ dj ဖွင့်နေသူနားသွားကာ ပလတ်ပေါက်တွေအကုန်ဆွဲဖြုတ်လိုက်တော့ တစ်ခန်းလုံးတိတ်ကျသွားသည်

"ကဲ အားလုံးပဲ ပါတီပြီးပြီ ပြန်ကျတော့"

"ဝိုးးးး "

"ဘူးးးးး "

"ဝူးးးး"

" မဖြစ်သင့်ဘူးနော် ဟေးးး"

အော်သံတွေက ပလုံစီအောင်ထွက်လာကျသည်

"ဝိုး easy guys"

သူရထလာလိုက်ကာ အိပ်ချင်မူးတူးကောင်နားသွားပြီး ပုခုံးမှ ဆွဲဖတ်လိုက်သည်

"sorry ပါဗျာ အိမ်သူလေးက ညက ကြမ်းထားတော့ ဆူညံသံတွေကြောင့် အိပ်မရဖြစ်သွားလို့နေမယ်"

"သူရစစ်နိုင် စောက်ရူးစကားတွေပြောနေတာလား"

"ပြွတ်စ် "

ဖြန်းးး

ပါးကို လည်ထွက်သွားအောင်ချပေးလိုက်သည် သူ့ကို လူကြားထဲမှာ စောက်ရှက်ခွဲချင်တဲ့အကောင်

"ဝိုးး ချကုန်ပြီဟေ့"

လူအုပ်ထဲမှ အသံဗလံတွေထွက်လာပြန်သည်

CompetitorWhere stories live. Discover now