6

2.2K 73 0
                                    

uni

"ညီက မှတ်တောင်မမှတ်မိဘူး ချောလိုက်တာ"

"အကိုရောပဲ အရင်ကနဲ့တောင်မတူဘူး ကျွန်တော့်မှာမနည်းရှာလိုက်ရတယ်"

"sorry ကိုယ်မေ့သွားတာ အဖေပြောတယ်
ညီလည်းဒီမှာပဲကျောင်းတတ်တယ်ဆိုတာ
ကိုယ်တောင်းပန်တယ် ကိုယ်က ညီ့ကို ရှာလိုက်ရမှာ"

"အခုလည်း ညီရှာတွေ့နေပြီပဲဟာ"

"ဟုတ်ပါပြီ ဘယ်မေဂျာကတုန်း"

"ဓာတုက အကိုကရော"

"အကိုက သချာ်ကွ နှမြောစရာပဲ မေဂျာမတူတော့
အကို ညီ့ကို နေ့တိုင်းမတွေ့ရတော့ဘူး"

"ကျွန်တော် လာတွေ့မှာပေါ့ဗျ အကိုကလည်း
ဘာခက်လို့"

"အသွက်ကလေးက စကားအရမ်းတတ်နေလိုက်"

ခမ်းလီ သူ့ရှေ့က ပုလုံးလုံးကောင်လေးကို ကြည့်ကာ
ကြည်နူးရိပ်များဖြတ်ပြေးသွားသည်

ညီဘုန်းပြည့်တဲ့ တကယ် လူလည်ကောင်လေး ငယ်ငယ်က ဆို ညီနဲ့ အမြဲဆော့နေကျ ဆော့တိုင်း ညီက အမြဲ လူလည်လုပ်ကာ အနိုင်ယူသည် သူကလည်း
ညီ့ကိုဆို အလိုလို အရှုံးပေးပြီးသား

"ဟို အကို ကိုမေးစရာရှိတယ်"

"မေးလေ ညီရဲ့"

"ဟို ကိုသူရစစ်နိုင်နဲ့ အကိုက သူငယ်ချင်းတွေလား စကားပြောနေကြတာတွေ့လို့"

"မဟုတ်ဘူး ညီက သူ့ကိုဘယ်လိုသိလဲ"

"ကျွန်တော်တို့ ဓာတုမေဂျာမှာသူက နာမည်ကြီးလေ
လူတိုင်းသိတယ်"

"ဟုတ်လား ဒါပေမယ့် အဲ့ကောင်က အကျင့်မကောင်းဘူး"

"အော် play boy လုပ်တာကိုပြောတာလား အဲ့တာကလည်း မိန်းကလေးတွေဘက်ကကို အတင်းကြီး ဖြစ်နေတော့ သူ play တာမဆန်းပါဘူး"

"အဲ့တာတင်မကသေးဘူး အကိုက သူနဲ့ ငယ်ငယ်တည်းကပေါင်းလာတာ သူ့အကြောင်းအကုန်သိတယ်
အကျင့်လည်းမကောင်း စိတ်ဓာတ်လည်းမကောင်းဘူး အကိုလောက်လည်းရုပ်မချောဘူး"

"ဟား ဟား အကိုကတော့ ကြုံတုန်း ကိုယ့်ဟာကိုယ်
အမွှန်းတင်ပြန်ပြီ"

"မဟုတ်ပါဘူးကွာ အဲ့ကောင်နဲ့ မပတ်သတ်နဲ့ သိလား
ခပ်ကင်းကင်းနေ"

CompetitorWhere stories live. Discover now