27

2.6K 70 5
                                    

uni

"အဟင့် ဟင့် အကို"

"ညီ ညီ ဘာဖြစ်တာလဲ"

"ကျွန်တော်ကြောက်လို့"

ခမ်းလီ ရုံးခန်းထဲ ဝင်လာလာခြင်း ညီက ကြောက်လို့ဟုဆိုကာ ငိုပြီးလာဖတ်သည်

"ဟိုတစ်နေ့တုန်းကလေ ကိုသူရက ကျွန်တော့်ကို ခြိမ်းခြောက်တယ် ဟင့်"

"ဘာပြောတုန်းသူက"

"အကိုနဲ့ ပတ်သတ်ရင် သတ်ပစ်မယ်တဲ့ ဘယ်လိုလုပ်မလဲ ညီမှ မပတ်သတ်ပဲ မနေနိုင်တာ"

"ဟေး ဒီကို ကြည့် ဘာမှ ကြောက်စရာမလိုဘူး ကိုယ်ရှိတယ် သူ ညီ့ကို ဘာမှမလုပ်စေရဘူး"

"အဟင့် ဟင့် သူကပြောရင်ပြောတဲ့ အတိုင်းလုပ်တာ ​ညီကြောက်တယ်"

"ကျွတ်စ် ကျွတ်စ် တိတ်တိတ်နော်
မကြောက်နဲ့ ကိုယ်ရှိတယ်"

ငိုနေတဲ့ မျက်နှာလေးကို လက်နှစ်ဖတ်ဖြင့် အုပ်ကိုင်ကာ နဖူးကို ဖွဖွလေးနမ်းတော့ မျက်လုံးမှိတ်ကာ ငြိမ်ခံရှာသည်

"ညီ ရေခဲမုန့်ကြိုက်တယ်မလား"

"ဟုတ်"

"လာ ကိုယ်တို့သွားစားမယ်"

"အလုပ်တွေရှိသေးတယ်လေ"

"ထားလိုက် မန်နေဂျာကို အပ်လိုက််မယ်"

"အဲ့တာဆိုလဲသွားမယ်လေ"

"လာ "

ညီ့ရဲ့ လက်ကို ဆွဲကာ ဆိုင်အပြင်ထွက်လာခဲ့သည် အနီးနားမှာရေခဲမုန့်ဆိုင်ရှိသော်ငြားလည်း လှည်းတန်းဘက်က ရေခဲမုန့်ကို စားချင်ပါသည်ပြောလို့ လှည်းတန်းဘက်မှာ လိုက်ကျွေးရသည်

"ကောင်းလား"

"အရမ်းကောင်း "

"ချစ်စရာလေးညီရာ"

ပါးလေးဖောင်းကာ စားနေတာကြောင့် ခပ်အုံ့အုံ့ဆံပင်တွေကို အသဲယားစွာ ဆွဲဖွလိုက်သည်

"အကို ညီ့ကို ချစ်လား"

"ချစ်တာပေါ့"

"ဘယ်လောက်လဲ"

"ဘယ်လောက်ထိလဲတော့မသိပေမယ့် ညီက ကိုယ့်ရဲ့ အချစ်ဦးပဲညီ"

"မွ"

ညီက လာနမ်းတာမို့ ပြန်ပြုံးပြကာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်

CompetitorWhere stories live. Discover now