4

2.7K 81 2
                                    

uni

မနက်ဖြန်ဆယ်တန်းအောင်စာရင်းထွက်မှာဖြစ်လို့ ခမ်းလီ တစ်ညလုံးအိပ်မပျော်ပေ
အိပ်ယာထဲ လူးလိမ့်လိုက် ဂိမ်းဆော့လိုက်သာ လုပ်နေရပေမယ့် စိတ်လှုပ်ရှားကာ လက်များပင်တုန်နေသည်

မကြာမှီ 12 ထိုးတော့မည်ဖြစ်ရာ ဆယ်တန်းအောင်စာရင်းလည်းထွက်လာတော့မှာဖြစ်သည်

ခမ်းလီဖုန်းတကြည့်ကြည့်သာလုပ်နေရသည်
တစ်မိနစ်က တစ်နှစ်လောက်ကြာလွန်းနေသလိုပဲ

နောက်ဆုံးတော့ 12 နာရီထိုးပြီဖြစ်ရာ အမှတ်စာရင်းတွေတင်ပြီဖြစ်သည်
ခမ်းလီ အသည်းအသန် ခုံအမှတ်နဲ့ နာမည်စာရင်းရှာနေမိသည်

ကိုယ်ဖြေတာကိုယ်သိတယ်ဆိုပေမယ့်လည်းစိတ်လှုပ်ရှားမိတာတော့အမှန်ပဲ

တွေ့ခဲ့ပြီ ရူပ ဘောဂ သချာ် တဲ့

"အဖေရေ နန်းဆူးဝမ်ရေ ထကြပါဦး "

ခမ်းလီအောက်ထပ်ကိုပြေးဆင်းသွားပြီး အသံအကျယ်ကြီးနဲ့ အော်ခေါ်နေလိုက်သည်

"ခမ်းလီ လူအိပ်ချိန်လေ ဘယ်နှယ်အော်ဟစ်နေတာတုန်း"

အဖေကိုတွေ့တာကြောင့် အဖေ့ကိုပြေးဖတ်ကာ

"သား ဂုဏ်ထူးသုံးဘာသာတောင်ပါတယ် အဖေရေ"

"ဟေ ဟုတ်လား ငါ့သားကသိပ်တော်တာပဲကွာ"

အဖေက ဝမ်းနည်းဝမ်းသာမျက်ရည်များပါကျလာလေသည်

"အစ်ကို ညီမကိိုဘာကျွေးမှာလဲပြော"

"ဘာဆိုင်လို့ကျွေးရမှာလဲ"

"အစ်ကိုနော်"

"စတာပါ ငါ့ညီမလေးကို ဒီက အစ်ကိုကတစ်ဝိုင်းကျွေးမယ်ကွာ ဟုတ်ပြီလား"

"ရေးး တို့အစ်ကိုကြီးက အကောင်းဆုံးပဲ"

ခမ်းလီ ပျော်လွန်းလို့အိပ်တောင်မပျော်တော့
နေပါဦး ဟိုနွားရော ကျလားမသိဘူး

ဖုန်းပြန်ကိုင်ကာ ဟိုနွားရဲ့ နာမည်ကိုလိုက်ရှာနေလိုက်သည် မကျဘူးဟ နွားက ဂုဏ်ထူးနှစ်ဘာသာပါတယ်
ဓာတုနဲ့ ဘောဂတဲ့ မအေဘေးက ကျသွားရမှာ

ဘာပဲဖြစ်ဖြစ်ခမ်းလီက သူ့ထက် ဂုဏ်ထူးတစ်ဘာသာပိုပါသည် နောက်ဆုံးတော့ ဒီကောင့်ကို နှိမ့်ကွပ်လို့ရပြီဖြစ်သည် 

CompetitorWhere stories live. Discover now