part 1

46.9K 594 1
                                    

ချိုမိုင်မိုင် (အပိုင်း ၁)

"ခန့်ဘုန်းမေ...ဒါကဘာတွေလဲ...ဟမ်"

ဒေါသတကြီး စားပွဲပေါ်ပစ်တင်လိုက်သည့် စာရွက်အထပ်လိုက်နှင့် ပန်းရောင်စာအုပ်လှလှလေးကြောင့် ခန့်ဘုန်းမေ လန့်သွားရလေသည်။သွားပြီ။မေမေသိသွားပြီ။

"ပြောလေ...ဒါဘာတွေလဲ။ ကျောင်းကိုစာသင်ဖို့လွတ်လိုက်တာ။ အတတ်ကောင်းတွေတတ်နေတယ်ပေါ့လေ။လူကနို့နံ့တောင်မစင်သေးဘူး။ရည်းစားကထားနေပြီပေါ့....ဟမ်..."

ခန့်ဘုန်းမေ ကြောက်လွန်း၍ ခြေဖျားလက်ဖျားအေးနေမိသည်။ ကြက်တောင်ကိုင်ပြီး ဒေါသတကြီး ဆူနေသည့်မေမေ့ဆီကနေလွတ်လမ်းမရှိတော့ပေ။

"စာမလုပ်ဘဲ ရည်းစားထားချင်ဦး...ထားချင်ဦး..."

"ရွှမ်း...ရွမ်း...ရွှမ်း...."

"ကြောက်ပါပြီမေမေရဲ့....ကြောက်ပါပြီ....အား"

"ထားဦးမလား...ထားဦးမလား..."

"မထားတော့ပါဘူး...မထားတော့ပါဘူး..."

အရိုက်ခံရသည့် အရသာကမသေးပေ။ခန့်ဘုန်းမေ မျက်ရည်နှင့်မျက်ခွက်ဖြစ်သွားလေသည်။တစ်ကိုယ်လုံးအချိုးရာနှင့်ဖြစ်၏။

"ကြပ်ကြပ်သတိထား။ ကျောင်းကိုအေးအေးဆေးဆေးတက်ရင်တက် မတက်ရင်နင့်အဖေဆီပို့ပြစ်မယ်....ကြားလား"

"ဟုတ်ကဲ့မေမေ...အဟင့်...ဟင့်"

"မငိုနဲ့...အသံမထွက်နဲ့...ထွက်ရင် ထပ်ရိုက်မယ်"

ငိုချင်တာတောင်မငိုရဘဲ အသံတိတ်ရှိုက်ရလေသည်။ ရိုက်ပြီးလို့မောသွားသည့်မေမေက အခန်းပြင်ထွက်သွားတော့မှ စောစောကစာရွက်နှင့်စာအုပ်ပန်းရောင်လေးကိုအမြန်ကောက်သိမ်းထားလိုက်ရသည်။

"အားလားလား...နာလိုက်တာ"

တင်ပါးလေးကို လက်ဖြင့်ပွတ်ရင်း ခပ်တိုးတိုးညည်းလိုက်မိတော့သည်။
........ ........... .......... .......... ......... ........... ............

"ဟဲ့...အဲ့ဒါဆို နင့်အမေ နင့်ကိုအသေ.ဆော်တာပေါ့"

"အေးပေါ့ဟ"

"နာလားဟင် ခန့်ဘုန်း"

"နာတာပေါ့ဟ...တင်ပါးမှာအချိုးရာအပြည့်ပဲ"

ချိုမိုင်မိုင်Where stories live. Discover now