ချိုမိုင်မိုင် (ကျေးဇူးတင်လွှာ)
ချိုမိုင်မိုင်ကို မရေးခင် ရှေ့မှာဝတ္ထုတွေအများကြီးကို ကြွေရေးခဲ့ပါတယ်။ ဝတ္ထုတွေရေးတိုင်းစာလုံးပေါင်းသတ်ပုံနဲ့ပတ်သတ်ပြီး အားနည်းချက်တွေရှိခဲ့ဖူးပါတယ်။ သတ်ပုံနဲ့ပတ်သတ်ပြီး သတိထားရေးပေမဲ့ ကီးကြောင်ပြီးမှားတဲ့သတ်ပုံတွေလည်းအခုထိရှိနေဆဲပါပဲ။
အခုချိန်ထိသတ်ပုံနဲ့ပတ်သတ်ပြီး အမှားမကင်းတဲ့ကိုယ့်ကိုယ်ကိုယ်လည်း မကျေနပ်ပါဘူး။နောက်ပြီးစာတွေကို အရှည်ကြီးရေးချင်ပြီး ရေးမရခဲ့တာတွေကိုလည်း အားမလိုအားမရဖြစ်ပြီး မကျေနပ်ပါ။
ဟိုရင် 2017ကနေ 21 ဝန်းကျင်လောက်တုန်းက စာတစ်ပုဒ်ကို အနည်းဆုံး ခြောက်လကနေ ရှစ်လကျော်ထိကြာအောင်ရေးပါတယ်။ တစ်ပတ်ကိုတစ်ပိုင်းလောက်ပဲတင်ပေးတဲ့ အချိန်ရှိသလို သုံးပိုင်းထိတင်ပေးတာလည်းရှိခဲ့ပါတယ်။ ကျောင်းလည်းတက်အလုပ်လည်း လုပ်နေရတဲ့အချိန်မို့ စာတင်တာ တစ်ပတ်ကိုသုံးပိုင်းထိ မပိုခဲ့ဘူး။အဲ့အချိန်ထဲက စိတ်ရှည်ရှည်နဲ့စောင့်ဖတ်ပေးတဲ့ စာဖတ်သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်။
အခုနောက်ပိုင်း ကျောင်းနားလိုက်တဲ့အချိန်မှာ ကြွေစာတင်ပေးတာများပါတယ်။ တစ်ပတ်မှာတစ်ပတ်လုံးတင်ပေးဖြစ်ပါတယ်။ တစ်ခါတလေ စနေ၊ တနင်္ဂနွေ နှစ်ရက်နားဖြစ်တဲ့အချိန်တွေရှိပါတယ်။ကြွေစာတင်နားတဲ့ရက်ဟာ နေမကောင်းတဲ့ရက်နဲ့ အလုပ်တွေပိတဲ့ရက်မျိုးလောက်ပဲနားဖြစ်ပါတယ်။ တစ်ချို့စာဖတ်သူတွေက ကြွေနားလိုက်တဲ့နှစ်ရက်ကိုတမင်မတင်ပေးဘဲ နေတာလို့ထင်ကြပါတယ်။gpမှာတင်ပေးနေရလို့ ဒီမှာမတင်တာလား၊ပိုက်ဆံရတဲ့ဟာကို ဦးစားပေးနေတာလားလို့အထင်လွဲပြီးလာပြောကြတာရှိပါတယ်။
ကြွေစာတင်နားတဲ့အခါ gp မှာလည်းခွင့်တိုင်ပါတယ်။accမှာစာမတင်ရင် gpမှာလည်းမတင်ဖြစ်ပါဘူး။ နောက်ပြီး ကြွေစာတင်ဖို့ကျန်သွားတဲ့အခါ ဘယ်နေ့ဘယ်ရက်တွေမှာပျက်ကွက်မိလဲဆိုတာ မှတ်မိနေပါတယ်။အဲ့ခါ စာဖတ်သူတွေကိုအားနာမိပါတယ်။တက်နိုင်သမျှ ကြွေ စာအကြွေးလေးတွေပြန်ဆပ်ပေးပါတယ်။
စာဖတ်သူတွေ ကြွေ့ကိုအထင်လွဲမှာစိုးတဲ့အတွက် တက်နိုင်သမျှစာတင်မပျက်အောက် ကြိုစားပါတယ်။ကြွေ စာတင်ပျက်ကွက်တာတွေရှိရင်အထင်မလွဲကြပါနဲ့နော်။ ဒီကောင်မလေးက အမြဲတမ်းတင်ပေးချင်ပါတယ်။လုပ်ချင်တာတွေများပြီး တစ်ခါတလေအူကြောင်ကြောင်နိုင်လို့ပါ။
လိုအပ်ချက်တွေအများကြီးရှိတဲ့ ဒီကောင်မလေးကိုအခုချိန်ထိအားပေးနေကြတဲ့ စာဖတ်သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်။ rp မပြန်ဖြစ်တာတွေအတွက်လည်း တောင်းပန်ပါတယ်။ ပိစိတို့ဇာတ်သိမ်းလေးက တစ်ချို့စာဖတ်သူလေးတွေအတွက်မျှော်ထားသလို မဖြစ်ခဲ့ရင်လည်းတောင်းပန်ပါတယ်။
ဒီကောင်မလေးရဲ့အကျင့်အတိုင်း ဇာတ်သိမ်းက ခေါင်းစဥ်နဲ့ထပ်တူအချိုးကျပြီးသိမ်းတာများပါတယ်။ လိုအပ်ချက်တွေများ၊အမှားတွေများပြီးတလွဲလုပ်တတ်တဲ့စာရေးသူကို စိတ်မပျက်ဘဲဖတ်ပေးကြတဲ့စာဖတ်သူတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်။
(ဒီပို့စ်ရဲ့ cm တွေထဲက စာဖတ်သူ 5ဦးကို သီတင်းကျွတ်လက်ဆောင်မဲဖောက်ပေးပါမယ်။ ကြွေ သီးသန့်ပို့စ်မတင်ချင်တော့လို့။ ဘာလက်ဆောင်လဲကြိုမပြောတော့ဘူးနော်😁။ accကနေ သုံးဦး၊ page တစ်ခုစီကနေ တစ်ယောက်စီနဲ့ အားလုံး 5ယောက်ကို လက်ဆောင်ပေးပါမယ်နော်။)
သီတင်းကျွတ်ကာလမှာ စာဖတ်သူတွေအားလုံးကျန်းမာချမ်းသာကြပါစေ။ ဝါလကင်းလွတ်သီတင်းကျွတ်မှာ လူငယ်များက မိဘဘိုးဘွားတွေကိုကန်တော့နိုင်ကြပါစေ၊သက်ကြီးရွယ်အိုများကလည်း သားသမီးမြေးမြစ်တွေရဲ့ ဂါရဝပြုခြင်းကိုလည်းရရှိကြပါစေ။ 🙏🙏🙏
ကြွေဖယောင်း
kpy 27.10.2023 POL MOM HOME
YOU ARE READING
ချိုမိုင်မိုင်
Romanceအသက်ငယ်ငယ်လေးနဲ့ ခိုးပြေးဖြစ်သွားတဲ့ ကလေးလင်မယားအတွဲလေးကို ဖတ်ရမှာပါ။☘☘☘