ခရီးကပြန်ရောက်သည့်တိုင် ရတုမောင် သိပ်မပျော်ခဲ့ရပါ။ ထိုလူ့အကြောင်းကိုသာ စဉ်းစားနေမိ၏။ သူ့ကို ကြည့်နေတယ်လို့ပဲ ရတုမောင်ထင်နေတာလား ဒါမှမဟုတ် တကယ်ပဲ သူ့ကိုကြည့်နေတာလား။ ထိုလူရဲ့အကြည့်များက အဝေးကမြင်နေရသည်ကိုပင် နက်နဲထင်ရှားသည်။ ရတု သူငယ်ချင်းတွေနှင့် ပျော်နေဖို့ စဉ်းစားတော့လည်းမရ။ ထိုထူ့အကြာင်းပဲခေါင်းထဲပေါ်ပေါ်နေလေ၏။------
"ဒီနေ့ Tutorial နောက်ဆုံးချိန်မှ လုပ်မယ်ပြောတယ် နဲနဲနောက်ကျမယ်ထင်တယ်ငါတို့"
ရတုတို့အတန်း tutorialနောက်ဆုံးချိန်မှဖြေရမယ်ဆိုတော့ ဒီနေ့သူအိမ်ပြန်နောက်ကျဦးမည်။ ပုံမှန်ဆို ၂ခွဲလောက်ဆိုပြနနေကျဆိုပေမယ့် Tutorial ရှိရင်တော့ ၃ခွဲလောက်မှပြန်ရသည်။
-------
ရတု Tutorialဖြေပြီးတာကြောင့် သူ့အခန်းထဲကနေ ထွက်လာလေ၏။ သူအရင်ပြီးတာမို့ အခန်းရှေ့မှာစောင်နေလိုက်သည်။ စောင့်နေရင်းနှင့်ပင် အပေါ့သွားချင်လာတာနဲ့ သူတို့အဆောင်ရဲ့ သန့်စင်ခန်းကိုသွားလိုက်၏။
"အ့...."
"ဘာဖြစ်သွားသေးလဲ"
အဆောင်ထဲမှာ လူသိပ်မရှိတော့တာမို့ရတုလည်း အပေါ့သွားချင်စိတ်နှင့် ခပ်သွက်သွက်လျှောက်သွားလိုက်တာ အိမ်သာထဲအဝင် လူတစ်ယောက်နှင့် ဆောင့်မိသွားလေ၏။
"ဟင်" "ထိုလူ" "သေချာပါသည်"ရတုမှတ်မိသည်။ ထိုလူရဲ့အကြည့်တွေကနက်ရှိုင်းသည်။
"ဘာဖြစ်သွားသေးလဲ"
ထိုလူစကားထပ်ဆိုလာမှ ရတုအသိပြန်ကပ်သွား၏။
"အော် ...ဟို ရတုဆိုတဲ့တစ်ယောက်မလား ..အစ်ကို့ကိုမှတ်မိလား"
ထိုလူပြောမှ ရတုသေချာပြန်စဉ်းစားမိတော့သည်။ ဟိုတစ်ခါကားနဲ့တစ်ယောက်ဆိုတာ သူသတိရသွား၏။ အဲ့ဒါကြောင့် သူဒီလူ့မျက်နှာကို မြင်ဖူးနေသည်လို့ထင်တာကိုး။
"အာ ဟုတ်...ဟိုတစ်ခါ...ကားနဲ့ အကိုလားဗျ....ကျွန်တော်လည်းမြင်ဖူးပါတယ်လို့"
"နာသွားသေးလား အစ်ကိုလည်း လောနေတာမမြင်လိုက်ဘူး"
"ရပါတယ်ဗျ ကျွန်တော်မမြင်လိုက်တာပါ"