"ဟဲ့ ... ဒီနေ့စောလှချည်လား...ထူးထူးဆန်းဆန်း..."
ရတု ခေါင်းသာငြိမ့်ပြမိသည်။ အရင်လိုပါပဲ ကျောင်းတက်ရတဲ့နေ့တွေ့ဟာ... သို့ပေမယ့် အရင်လိုတော့ မပြည့်စုံတော့ဘူးပေါ့
အတန်းထဲ ရောက်တော့ ရတု ခုံမှာပဲ ထိုင်နေလိုက်၏။ ဒီနေ့မှ သူပိုပြီး နာကျင်နေသလိုပင်။ နှလုံးသားကအောင့်ခနဲ ဆစ်ခနဲ ခံသားချက်ကို သိသိသာသာ ခံစားနေရသလိုပင်။
ခုံပေါ် ခေါင်းမှောက်လိုက်ပြီး မျက်လုံးများကိုမှိတ်ထားလိုက်သည်။ ခုံလေးကိုတော့အားနာမိသည်။ သူ့မျက်ရည်တွေ ကျဆင်းပြန်ပြီလေ။ အံကိုကျိတ်ပြီးမျက်လုံးအိမ်က အရည်များကိုကုန်စင်စေသည်အထိ တိတ်တိတ်လေးငိုချလိုက်၏။
လွမ်းတာကိုနာတာနဲ့ဖြေလို့ပြောခဲ့ကျတာကို သူတော့ လက်မခံချင်ပါ။ နာတာတွေးလိုက်တိုင်းရင်ဘတ်ကအောင့်တက်လာပြီး ပိုလွမ်းမိသည်လေ။
အကိုရေ... ဘယ်သို့ရောက်ပြီး အကိုဘယ်လိုတွေဖြစ်နေပြီလဲ... ကျွန်တော့်ကို မချစ်လို့များထားခဲ့လေတာလားအကိုရယ်...
**********†*********************
ရတု ကုတင်ပေါ်လှဲနေသည်မှာ 3နာရီပင်ကျော်လုပြီ။ ပထမဆုံး သူတို့နှစ်ယောက်ရဲ့အမှတ်တရတွေနဲ့ ပြည့်နှက်နေတဲ့ အိမ်လေးကို ပြန်လာခဲ့သည်။
တချို့ပစည်းများကတော့အကောင်းတိုင်းပင်ရှိလျကိ။ တချို့ပစည်းမျာမှာတော့ ဖုံများပင်တက်ကာ ပျက်စီးနေတော့သည်။
စိတ်ကိုတင်းလျှက် သူတို့နှစ်ယောက်ရဲ့အခန်ထးဲကိုသာအရင်ဆုံးဝငိလိုက်သည်။ ပြီးတော့အတိတ်ကအငွေ့အသက်တွေလားတော့မသိ ကုတင်ပေါ်ရှိ ရနံ့ ညှင်းညှင်းက သူ့ကိုဖိတ်ခေါ်နေသယောင်။
"အကို ကျွန်တော် ရောက်လာတယ်နော် ...ဟက်...ကျွန်တော့်ကိုမြင်ချင်ပါ့မလား..."
တစ်ယောက်တည်းတီတိုးပြောနေသော စကားမှာ ဖြည်းဖြည်းလေးသာ။
လူတစ်ယောက်ကိုသေစေနိုင်တဲ့အထိ သူ လုပ်ခဲ့တာ သူ့ဘဝအတွက် အရိပ်မဲကြီးတစ်ခု သူကိုယ်တိုင်ပဲဖန်တီးခဲ့တာ။