"ဟယ်လို ....."
မောင့်အသံက မရဲတရဲနှင့် ညင်သာစွာ တိုးတိုးလေးထွက်လာသည်။
"ဗျာ.....မောင် .... ပြောပါဗျာ...."
ရက်ပိုင်းအနည်းငယ်ကြာသည်ထိ မော်ကွန်း မောင့်ကို သွားမတွေ့ဖြစ်။
သူမောင့်အပေါ် စိတ်မထိန်းချုပ်နိုင်လေလေ မောင်နှင့်ပိုပြီး ဝေးသွားလေလေလို့ ခံစားရနေ၍ဖြစ်သည်။
ထိုနေ့က ကားပေါ်မှာ မောင့်ကို လုပ်ခဲ့မိတဲ့ အပြုအမူမျိုး ထပ်ဖြစ်မှာကို သူကိုယ်တိုင်မလိုလား။ အကြောင်းကတော့ သူမှ မောင့်ကို မပိုင်ဆိုင်ရသေးတာလေ။ မောင်....ကြောက်သွားမှားကို စိုးသည်။မောင်ကတော့ ထိုအကြောင်းနှင့်ပတ်သက်၍ ဘာမျှမပြောချေ။
အခုလည်း မောင့်ဘက်က စပြီး ဖုန်းဆက်လာတော့ မော်ကွန်း လုပ်လက်စအလုပ်ကို ရပ်ပြီး မောင့်အသံလေးကိုသာ အာရုံစိုက်နေမိ၏။
"ကျွန်တော့်ဆီလာလိုက် ပျောက်လိုက်နဲ့ ကစားနေတာလား ကျွန်တော့်ကို"
"ဟား.....ဟားးးးး"
မောင့်အသံေဘာက်ဆက်ဆက်ေလးက မော်ကွန်းရဲ့ နားထဲသို့ ကူးလူးဖြတ်သန်းလာတဲ့အခါ မော်ကွန်းရဲ့ ရယ်သံများက အခန်းတွင်းသို့ လွင့်စင်လျက်။
"ဘာလဲ...မောင်.....အကို့ကို...လွမ်းနေပြီလား......"
"အကို ပေးတာမလား ပန်းကုံးတွေ...."
"အင်းးးးး....ဘာလဲ....တခြားေပးမယ်လို့ထင်တဲ့သူရှိလို့လား "
ထိုသို့ပြောတော့ မောင့်အသံလေး တိတ်သွားသည်။ ကျောင်းပွဲနေ့က မော်ကွန်း ရောက်လာခဲ့ပေမယ့်လို့ မောင်ကတော့ သူ့ကိုမတွေ့ချေ။
ပန်းကုံးအတွက် မနက်ထဲက မော်ကွန်းတစ်ယောက်ထဲ မြို့ထဲပတ်ပြီး လိုက်ဝယ်လိုက်ရသည်။ သို့ပေမယ့် သူကျေနပ်သည်။ မောင့်အတွက်ဆိုလျှင်.....သူမပင်ပန်း။ ရည်ရွယ်ပြီး တစ်စုံတစ်ယောက်အတွက် လုပ်ပေးနေရတဲ့ ခံစားချက်ကို မော်ကွန်းကြိုက်သည်။
"ဟို....အကိုေပးတာမှန်း...ကျွန်တော်သိပါတယ် ဒါေပမဲ့ ဘာလို့ လာမတွေ့တာလဲ"