37(part2)

565 30 2
                                    

တံခါးဖွင့်သံကြားပေမယ့် ရတုမျက်လုံးဖွင့်မကြည့်မိ။

ခါးများကိုဖက်တွယ်လာတေသာလက်များမှာတင်းကြပ်ကြပ်နှင့်။ ရတုနဂိုအတိုင်းလေးပဲဆက်လှဲနေမိသည်။ စကားတစ်လုံးများတော့မပြောဖြစ်။

နောက်ကျောဘက်က အကို့အသက်ရှူသံပြင်းပြင်းကိုခံစားနေရသည်။

"မောင်....အကိုမူးနေပြီ...."

"..."

အပ်ကွဲသံတစ်ချို့ပါနေသော အကို့ အသံဖျော့ဖျော့က ရတုနားတွင်းသို့ တိုးတိုးလေးသာဝင်ရောက်လာသည်။

"အကို...တောင်းပန်ပါတယ်..."

ရတု နောက်လှည့်ကြည့်ဖို့လုပ်ပေမယ့် အကို့လက်များက ခါးကို ပို၍ တင်းကြပ်စွာပင်ဖက်တွယ်လာတော့သည်။

"အကို..အကို့ကိုထားမသွားပါနဲ့...."

ငိုသံပေလားတော့ ရတုသေချာမသိပေမယ့် အကို့အသံဖျော့ဖျော့က ဝမ်းနည်းနေဟန်။

"မေ့မေ့လိုပဲ အကို့ကို မောင်ထားသွားရင် ဒီတစ်ခါ တကယ်ရူးမှာ..."

တူတူနေသည့်အချိန်တည်းက ရတု အကို့မိသားစုအကြောင်း  သေချာမသိရပါ။ အကိုက မိသားစုနှင့်ပတ်သက်လာလျှင် အမြဲလိုလိုရှောင်တိမ်းသွားတတ်တာကြောင့်ပင်။

"မေမေက အကို့ကိုထားသွားတာ...မေမေကဖောက်ပြန်သွားတာ...မောင်...အကိုတို့ရဲ့မိသားစုလေးက မေမေကြောင့်ပျက်စီးသွားခဲ့တာ....ဟက်...အဲ့မေမေဆိုတဲ့မိန်းမကိုသိပ်မုန်းတယ်..."

အကိုက ငိုနေသည်တဲ့လား။ ရတုအကို့အခုလိုပုံစံမျိုးကိုတစ်ခါမှ မမြင်ဖူးပါ။

ရတု နောက်သို့လှည့်လိုက်သည်။ မျက်ရည်စများနှင့် အကို့မျက်နှာကို ထင်ထင်ရှားရှားမြင်နေရတော့သည်။

ထို့နောက် အကိုသည် ရတုရင်ခွင်ထဲသို့ ကလေးလေးတစ်ယောက်လို တိုးဝင်လာလေသည်။

အကို့ ငိုရှိုက်သံများကို စတင်ကြားရ‌ေလသည်။ ရတုလည်း မျက်ရည်များပင်ဝဲတက်လာတော့သည်။

အကို့ကျောကုန်းကို အသာယာပွတ်ပေးလိုက်သည်။

"အဲ့မိန်းမက ယောကျာ်းတစ်ယောက်အတွက် ခင်ပွန်းနဲ့သားကို ပစ်ထားခဲ့တာ...အဲ့မိန်းမတဏှာရူးခဲ့တာကြောင့် ..."

ငိုရှိုက်သံများကအဆက်မပြတ်ပင်။

ရတု အကို့မေ့စေ့ဖျားကနေ မျက်နှာအားဆွဲယူလိုက်သည်။ထို့နောက်မျက်ရည်များကို ခပ်ဖွဖွသုတ်ပေးလိုက်တော့သည်။

"မငိုပါနဲ့...ကျွန်တော်ရှိတယ်..."

"မရှိတော့ရင်ရော...ဟင်...မောင်ထားသွားခဲ့ရင်ဘယ်လိုလုပ်မလဲ....ဒီနေ့တောင် မောင်ထွက်သွားတာလားဆိုတဲ့အသိနဲ့ အကို ရူးမလိုပဲ...."

အပြင်ပိုင်းမှာတော့အကိုကကျားတစ်ကောင်လိုပင်ဆိုပေမဲ့ စိတ်ကတော့ အရမ်းနူးညံ့လွန်းနေသည်။

"ထားမသွားပါဘူး..."

ရတု ပြောလိုက်တော့ အကို့အသံက ငြညိမ်ကျသွားတော့သည်။

"အဲ့မိန်းမထွက်သွားတဲ့အချိန်တုန်းက အကိုနားလည်တဲ့အရွယ်ရောက်နေပြီလေ...ကိုယ့်သားကိုမှ အားမနာ တခြားယောကျာ်းနောက်ကောက်ကောက်ပါအောင်လိုက်သွားတာအဲ့မိန်းမက ... အခုတော့သေပြီလေ..."

ရင်ခွင်ထဲမှာ ခေါင်းဝှက်ကာပြောနေသော အကို့အသံများက ဝမ်းနည်းနေတာတော့အမှန်ပင်။

"ဒီညတော့ဘားမှ မစဉ်းစားဘဲနဲ့အိပ်လိုက်ပါအကို....ကျွန်တော်ရှိပါတယ်..."

တစ်စတစ်စတိုးဝင်လာသော ဝမ်းနည်းမှုများကို ရတု မြိုသိပ်လိုက်တော့သည်။ အကို့ဘဝက ဒီလိုမျိုးရှင်သန်ခဲ့ရသည်တဲ့လား...

ရတု အကို့မျက်နှာထက် အနမ်းတစ်ပွင့်ပေးလိုက်ပြီး ပို၍ တင်းကြပ်စွာဖက်လိုက်တော့သည်။

**အိပ်ပျော်အောင်အိပ်လိုက်ပါအကို***ကောင်းသောညလေးမဖြစ်ခဲ့ပေမယ့် အကို့အနားမှာ ကျွန်တော်ရှိနေမှာပါ***......


ရူးWhere stories live. Discover now