10

1K 44 1
                                    

E-major အဆောင်ရှေ့ မော်ကွန်း ကားလေးကို ‌ထိုးရပ်လိုက်လေသည်။ ပုံမှန်လည်း မောင့်ဆီလာနေကျပေမယ့် အဆောင်ရှေ့ထိတော့ သူကားယူလာတာနည်းသည်။ မောင်က လမ်းသိပ်မလျှောက်နိုင်တာကြောင့် အဆောင်ရှေ့ပင် ထိုးရပ်လိုက်သည်။

"မောင်...အကို ဒင်မ်ဆမ်းဝယ်လာတယ်...မောင်ဘာ‌ကြိုက်မှန်းမသိသေးလို့ ဆိုင်မှာရှိတဲ့ ဒင်မ်ဆမ်း အကုန် တစ်မျိုးစီဝယ်လာလိုက်တယ်"

ရတု ကားနောက်ခန်းကိုကြည့်လိုက်တော့ အထုတ်ကြီးအထုတ်ငယ်များနှင့်ထုတ်ထားတဲ့ ဒင်မ်ဆမ်း တွေကိုမြင်ရတော့ အံ့ဩသွားရသည်။ လူဆယ်ယောက်မျှလောက်ပင် စားလို့ရလောက်တဲ့ပမာဏထိ အကိုဝယ်လာလေသလား အောက်မေ့ရ၏။

"အာ...အကို...ဒီလောက်အများကြီး....ကျွန်တော်ကနည်းနည်းပဲစားနိုင်တာရယ်...."

"မောင်...စားချင်တာပဲစားလေ...."

ရတုကို ကြိုက်သလိုလုပ်ဆိုသည့်ပုံစံနှင့် အကိုကကြည့်လာတော့ ရတုဒင်မ်ဆမ်းအထုတ်လေးတွေကိုတစ်ချက်ပြန်ကြည့်မိပြီး နှမျောတသဖြစ်နေတော့သည်။

"ဟိုလေ..အကို...ကျွန်တော် သူငယ်ချင်းတွေကိုကျွေးလို့ရတယ်မလား....."

မောင်က မော်ကွန်းကိုကလေးတစ်ယောက်လိုမျိုးလေး တောင်းဆိုလာတော့ မော်ကွန်း မောင့်နှဖူးလေးကိုဖြည့်းဖြည်းခပ်ဖွဖွလေးတောက်လိုက်ပြီး

"မောင့်...သဘောပါ....ဒါမဲ့မောင့်သူငယ်ချင်းတွေပဲနော် သူငယ်ချင်းမဟုတ်တဲ့လူတွေတော့မပါဘူးမလား...မောင်"

ရတု ‌အကိုဘာပြောချင်လဲဆိုတာကို နားလည်သည်။ ရတုမှာလည်း သူငယ်ချင်းသုံးယောက်ကလွဲ ကျန်တဲ့သူငယ်ချင်းအများကြီးမရှိ။ တခြား အတန်းဖော်တွေနှင့် ခင်မင်ပေမဲ့လည်း ရတုသူငယ်ချင်းသုံးယောက်နှင့်သာပေါင်းသည်။ ရတုဆိုလျှင် အတန်းထဲကလူတော်တော်များများက ခင်ချင်ကြသည်။ ရတုပုံစံလေးကချစ်ဖို့ကောင်းနေတာကြောင့်ကိုး။ မိန်းကလေးအတော်များများရဲ့ အလေးပေးလည်းခံရသေးသည်။

"ဟုတ်....အကို....ကျွန်တော့်သူငယ်ချင်းသုံးယောက်ကိုပြောတာပါ"

ရူးWhere stories live. Discover now