"အတန်းချိန် နေ့ခင်းမရှိတော့ဘူးတဲ့ ECပြောတာ ငါတို့ဒီနေ့တော့ မုန့်သွားစားကြရအောင်"
ရတု အကိုမနက်ကပြောသောစကားကို ပြန်တွေးမိသွား၏ ။ အကိုကဒီနေ့ဂျူတီရှိတာကြောင့် လာမကြိုနိုင်ဘူးဟုပြောထားသည်။
အတန်းချိန်ကလည်း ၁၂နာရီဆို ပြီးပြီမို့ ရှင်းသန့်တို့နဲ့အတူ မုန့်သွားစားရန် ရတု ဆုံးဖြတ်လိုက်တော့၏
"လိုက်ခဲ့မယ် သွားမယ် ...ငါ ဝယ်ကျွေးမယ်...."
"အိုခေ..ဒါမှငါ့သူငယ်ချင်း ရတုလေး....."
သူငယ်ချင်း လေးယောက် ကျောင်းအတန်းချိန်ပြီးသည်နှင့် မုန့်စားရန် ထွက်လာခဲ့ကျတော့သည်။
ရတု အကို့ကိုတော့ ဖုန်းထပ်မဆက်ဖြစ်။ ဆက်လျှင်လည်း မသွားဖို့ပြောမှာကိုကြိုသိနေခြင်းကြောင့်ဖြစ်၏။ ကျောင်းဆင်းချိန်လည်းတစ်ယောက်ထဲပြန်ရမှာမို့ အကိုမသိအောင်ပဲ လိုက်သွားလိုက်သည်။
"!မိတ်ေဆွခေါ်ဆိုသော ဖုန်းနံပါတ်မှာဆက်ပိတ်ထားပါတယ်ရှင်!"
"တောက်စ်.."
မော်ကွန်း လက်ထဲမှ ဖုန်းကို ကားဒက်စ်ဘုတ်ပေါ်ပစ်တင်လိုက်သည်။
အချိန်ကိုကြည့်တော့ ၂နာရီခွဲဖြစ်၏။ ။
ရတုကို ဖုန်းခေါ်ဆိုနေသည်မှာ လွန်ခဲ့သော နာရီဝက်နီးပါးခန့်ကတည်းကပင်ဖြစ်သည်။ recentကိုကြည့်တော့ အခေါက်ပေါင်း၅၀ပင်ကျော်နေပြီဖြစ်၏။
အဆောင်မှူးကတစ်ဆင့် ရတုကိုအတန်းထဲကိုကြည့်ခိုင်းတော့လဲ အတန်းချိန်ပြီးသွားသောကြောင့် ကျောင်းသားများအတန်းဆင်းသွားပြီဟုသိရသည်။
ဒေါသထွက်ထွက်ဖြင့် ဖုန်းကိုနောက်တစ်ကြိမ်ကောက်ယူလိုက်သည်။
အဝင်ကောလ်မရှိသောဖုန်းလေးက မော်ကွန်းကိုလှောင်ပြောင်နေသလိုပင်။
မော်ကွန်းနောက်ဆုံး အိမ်သို့ပြန်လာလိုက်သည်။....
$$$$$
"ငါ့ဖုန်းအားကုန်သွားလို့....ငါအိမ်ပြန်တော့မယ် နောက်ကျနေပြီ..."
ရှင်းသန့်က ရတုရဲ့ပခုံးကိုတွန်းလာလေသည်။
"ဘာဖြစ်လဲ နင်ကလဲ တစ်ခါတလေဟာကို ထားလိုက်စမ်းပါ နင့်ဘဲကို..."