"ဒေါက် ..... ဒေါက်...."
"အကိုဝင်ခဲ့မယ်နော်..."
ရတု ခြေထောက်လက်ထောက်ဆေးကြောပြီးသည်နှင့် အကိုပေးထားတဲ့ အကျီရှည်နှင့် ဘောင်းဘီရှည်လေး လဲဝတ်ထားလိုက်၏။ အကိုပေးထားတဲ့အဝတ်အစားလေးတွေရဲ့အနံ့က ထူးခြားသည်။ ပူရှိန်းအနံ့နှင့်ပင်ခပ်ဆင်ဆင်။
၁၀နာရီဝန်းကျင်ဖြစ်နေပြီမို့ ရတု အိပ်ဖို့ပင် ပြင်ဆင်နေတော့သည်။ ပုံမှန်ဆို ရတုအိမ်မှာ ၁၀နာရီလောက်ဆို အိပ်နေပြီဖြစ်သည်။"ဟုတ်အကို....ဝင်ခဲ့နော် "
"အော် .... အိပ်တော့မလို့လား....မောင်....အကို ခုဏက အလုပ်ကိစ္စလေးရှိလို့အခုမှပြီးတယ်..."
"မအိပ်သေးပါဘူးအကို...."
မော်ကွန်း ရတုကို ခေါင်းစခြေဆုံး ကြည့်လိုက်မိတော့ ဝတ်ထားတဲ့အကျီထဲ မောင့်ကိုယ်လုံးလေးကနှစ်မြုပ်လျှက်။ ပုံမှန်ဆို မော်ကွန်း bodyက အရမ်း ကြီးတဲ့ထဲမပါပေမဲ့ အရပ်ရှည်ရှည်ဒေါင်ကောင်ကောင်းsizeမို့ မောင်အတွက်ကြီးနေသယောင်။
မောင်အေးမှာစိုး၍သာ shirtလက်ရှည်လေးပေးလိုက်ရပေမဲ့ မောင့်လည်ပင်းသားများကို ထိုအင်္ကျီကကာရံထားတော့ မော်ကွန်းစိတ်တိုင်းပင်မကျတော့ ။ အချစ်ဆုံးမောင်က ဒီနေ့သူနဲ့တူတူနှစ်ယောက်ထဲရှိနေလေပြီ။ ထိုအတွေးများက မော်ကွန်းကို ပျော်ရွှင်စေခြင်းအတိပေး၏။
"မောင်တစ်ခုခုလိုရင်ပြောနော် အကိုကညဘက်နောက်ကျမှ အိပ်တာ ....မောင်အဆင်မပြေတာရှိရင်နှိုးလိုက်"
"ဟုတ်အကို....ကျွန်တော် ခနနေအိပ်တော့မှာ"
မောင့်ပုံစံလေးကြည့်တော့ အိပ်ချင်မူးတူးပင်ဖြစ်နေတော့၏။
"အာ့ဆို....အကို ထွက်သွားရတော့မှာလား အခန်းထဲကနေ"
ရတု အိပ်ငိုက်နေပြီဖြစ်ကာ စကားများပင်ဆက်မပြောနိုင်တော့။ အကို့အိမ်က သက်သောင့်သက်သာရှိသည်။ airconနဲ့မို့အနည်းငယ်အေးပေမဲ့လည်း ရတု ကြိုက်၏။ ပုံမှန်ဆို ရတုအိမ်မှာ ပန်ကာလေးသာရှိသောကြောင့်ဖြစ်သည်။ အကို့အိမ်ကတော့ ရေမီးအစုံနှင့်ပင်။