ကြမ်းပြင်ပေါ်အပုံသားကျနေတဲ့ ခန္ဓာကိုယ်နှစ်ခု...
ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်လျက်
"မင်းကို နောက်ဆုံးအကြိမ်မေးမယ် မင်း ငါ့ကို တကယ်ချစ်လား မချစ်ဖူးလား..."
ရှိုက်သံသဲ့သဲ့လေးထွက်လာချေပြီ။ ထိုအသံမှာ မမဆီကသာ ဖြစ်လေသည်။ သူကတော့စိတ်ကို တင်းထားလျက် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလေ၏။
လက်ပြန်ကြိုးချည်ခံထားရသော ရတုမှာ မသက်သာလှ။ သို့ပေမယ့် သူ ဒီတစ်ကြိမ်တော့ မျက်ရည်များကိုကျဆင်းမခံတော့ချေ။ သွေးသားတွေထဲက ဒေါသရိပ်တို့ဖုံးလွှမ်းနေပါသော်လည်း စိတ်ကိုတည်ငြိမ်အောင် မနည်းတင်းထားမိသည်။
"ပြောလေ!!"
ထိုအသံမှာ ပြတ်သားလှချေသည်။ မဟုတ်ဘူး ပြတ်သားတာမဟုတ် အမိန့်ပေးနေတာ...
ရတု ခေါင်းကိုမော့လျက် အကို့မျက်ဝန်းများကိုကြည့်မိသည်။ အံ့ဩစရာကောင်းသည်မှာ အကို့မျက်ဝန်းများထဲတွင် မည်သည့်အရိပ်ယောင်များမတွေ့ရဘဲ တည်ငြိမ်နေသည်။
"ကျွန့်တော့်ကိုပြောချင်ရာပြော ခင်ဗျား မမကိုတော့ နေခွင့်ပေးလိုက်ပါ သူ့မှာ ကိုယ်ဝန်..."
"တော်!! ရတု"
ပြောလက်စများပြောက်ရှသွားလေတော့ ရတုအံကိုတခဲနက် ကျိတ်ထားလိုက်သည်။ မမကိုကြည့်မိတော့ ရင်ထဲပိုလို့တောင် ခံစားလာရ၏။ တစ်ညလုံး ထိုလူနဲ့အတူ ကားစီးလာရပြီး မမအိမ်ရောက်သည်အထိ စကားတစ်ခွန်းမျှမပြောဖြစ်ချေ။ ထိုလူကလဲ မပြောပေ။
ရတု ဒီလိုဖြစ်မယ်လို့ တစ်ခါမျှပင်မတွေးခဲ့ဖူးချေ။
"ဒါ ပြစ်မှုမြောက်တယ်ဆိုတာ ခင်ဗျား သိလား အလိုမတူတဲ့လူတစ်ယောက်ကို ခင်ဗျား အတင်းပေါင်းဖက်လို့ရမယ် ထင်နေလား..."
ထိုစကားဆုံးတော့ ဆေးလိပ်ငွေ့တွေရှူထုတ်နေသည့် ထိုလူ့မျက်နှာမှာ ပြုံးလျက်။
တသိမ့်သိမ့်နာကျင်ရသည်။"မင်းလက်ထပ်မှာလား...လက်မထပ်ဘူးလား ဒါပဲပြော..."
ဒီတစ်ခေါက်တော့ ရတုဟန်မဆောင်နိုင်တော့ချေ။ စကားပြောဖို့ပင် မနည်းအားယူကာ မတ်တပ်ရပ်ဖို့ ကြိုးစားတော့သည်။