"အကို မျက်လုံးကိုဘာလို့အုပ်ထားတာလည်း"
"ခဏနော် မောင်"
မော်ကွန်း အံဆွဲထဲက boxလေးတစ်ခုကိုဆွဲယူပြီး စာရွက်တစ်ရွက်ကို မောင့်အရှေ့သို့ချထားလိုက်သည်။
ထို့နောက် အိတ်ကပ်ထဲက ဘောပင်ကိုဆွဲယူလိုက်ပြီး စာရွက်ပေါ်တင်လိုက်သည်။
မောင်ကတော့ ဆိုဖာပေါ်ထိုက်လျက် မျက်လုံးကို အဝတ်ဖြင့်စည်းထားတာကြောင့် မြင်ရမည်တော့မဟုတ်။
မောင့် ညာဘက်လက်ကို အသာယာဆွဲယူပြီး ဘောပင်အား လက်ကြားထဲသို့ထိုးထည့်ပေးလိုက်သည်။
"မောင် ဒီနားမှာ လက်မှတ်ထိုးပေးပါလား"
"ဘာလို့လဲအကို "
"ထိုးပေးပါ မောင်ဘဲ အကို့အပိုင်ဖြစ်လာပေးမယ်ဆို...."
မောင်ကတွေဝေသွားပုံပေါ်သည်။ သို့ပေမယ့် ဘားမျှထပ်မပြောချေ။
မော်ကွန်းညွှန် ပြထားတဲ့ေနရာကိုထိုးပေးလိုက်သည်။
ထို့နောက် မော်ကွန်း စည်းထားတဲ့အဝတ်ကို မောင့်အား ချွတ်ခိုင်းစေလိုက်သည်။ ပြီးနောက် မောင့်ရှေ့မှောက် မော်ကွန်း ဒူးထောက်ချလျက်.....
"အကို့ကို လက်ထပ်ပေးပါမောင်...."
ရတု လက်များပင်တုန်ယင်လျက်။ မြန်လွန်းသည် အခြေအနေများက ။ပြီးနောက် စာရွက်ပေါ်က ခေါင်းစည်းကိုမြင်တော့ပိုလို့ပင် အံ့ဩသွားရတော့သည်။
လက်ထပ်စာချုပ်ပင်ဖြစ်ကာ လက်မှတ်ထိုးထားခဲ့ပြီဖြစ်သည်။
"အကို ကျွန်တော် အဆင်သင့်မဖြစ်သေးဘူး"
မော်ကွန်း တစ်ချက်ပြုံးလျက်
"အဆင်သင့်ဖြစ်စရာမလိုပါဘူး ချစ်နေရင်ရပြီမဟုတ်ဘူးလား မောင်က အကို့ကို ချစ်ပေးနေရုံပဲလေ ကျန်တာမလိုဘူး ကျန်တာက အကိုအကုန်လုပ်မှာ"
လောကမှာ လက်ထပ်စာချုပ်ေပါ်လက်မှတ်ထိုးပြီးမှ လက်ထပ်ခွင့်တောင်းတဲ့သူ ရတု တခါမျှ မတွေ့ဖူးချေ။
"ကျွန်တော်က ငယ်လည်းငယ်သေးတဲ့အပြင် အိမ်ထောင်သည် တစ်ယောက်ဖြစ်ဖို့ထိ ယုံကြည်ချက်မရှိသေးဘူး...ပြီးတော့ ပတ်ဝန်းကျင်ကို ကျွန်တော်ကြောက်တယ်"
မောင့် အသက်ရွယ်နှင့် ကြည့်မည်ဆိုလျှင်တော့ မှန်ပေသည်။
"မောင်ကလည်း အကိုကလည်း အသက်ကြီးနေပြီလေ....ပြီးတော့ လက်မှတ်ပဲထိုးထားမှာလေ မိသားစုလောက်ပဲ အသိပေးထားမယ် နောက်သုံးနှစ်လောက်မှ တရားဝင် လက်ထပ်မယ်...မောင် အဆင်သင့်ဖြစ်တဲ့အထိ အကိုစောင့်ပါမယ့်...."
အကို့မျက်လုံးများက ညှိုးငယ်သွားတော့ ရတု အဖြေပေးရခက်နေသည်။ သူမချစ်လို့လက်မထပ်ချင်တာတော့မဟုတ်ပေ။ အဆင်သင့်မဖြစ်သေးတာကြောင့် သူကြောက်သည်။ အကို့အကြောင်းလည်း ဂဃနဏမသိသေးတာေကြာင့် လက်ထပ်ဖို့ထိ တစ်ခါမျှ မတွေးဖူး။
"ဘာကြောင့် အဲ့လောက်မြန်မြန်လက်ထပ်ချင်နေရတာလဲအကို....."
မော်ကွန်း မောင့်လက်လေးကိုယူပြီး သူ့မျက်နှာထက်ကပ်လျက်
"အရမ်းချစ်လို့ပေါ့ကွာ မောင့်ကိုတရားဝင်မပိုင်ဆိုင်သ၍ အကိုကမောင့်ကိုမပိုင်နိုင်သေးဘူးလေ အဲ့စိတ်ကပဲအကို့ကို သတ်နေတာ တစ်မိနစ်တောင် မောင်နဲ့မခွဲချင်တော့ဘူး အမြဲတူတူရှိချင်တယ်......."
"မောင့်မိဘ အတွက်လဲမပူပါနဲ့ အကိုအကုန်စီစဉ်ပြီးသားပါ"
စကားများကို တရပ်စပ်ပြောနေကာ အကို့မျက်လုံးများက လိမ်နေယောင်မပေါ်။
"ကျွန်တော် စဉ်းစား"
"မရဘူးကွာ မပြန်နဲ့ မောင့်ကိုခိုးလာပြီ....အိမ်ကိုလဲ ဖုန်းဆက်လိုက်မှာမို့ အကို့စကားနားထောင်"
"အကို အဲ့လိုတော့မလုပ်ပါနဲ့ ကျွန်တော့်ကိုစဉ်းစားခွင့်ေပးပါ"
သနားစရာမျက်လုံးများနှင့် ပြောလာသော မောင့်စကားများကို သူနားမထောင်ချင်ပါ။ အိမ်ကိုခေါ်လာကတည်းက ပြန်ပို့ဖို့မဟုတ်။
"တော်တော့...မောင်...မောင်အကို့ကိုမချစ်ဘူးလား....ဟင်"
ရတု မျက်ရည်စများပင်ဝဲတက်လာသည်။ အကိုက သူ့လက်မောင်းနှစ်ဖက်ကိုပင်လှုပ်ကာ ပြောလာတော့ ရတုစိတ်တို့ ဂနာမငြိမ်တော့။
"ချစ်ပေမယ့်..."
"ရပြီအဲ့ဒါဆို....ဆက်မပြောနဲ့တော့ ဒီနေ့ကစပြီး မောင့်အပိုင်ကအကိုပဲ အကို့အပိုင်ကလည်း မောင်ပဲ အဲ့ဒါကိုပဲမှတ်ထားရင်ရပြီ......"
ထို့နောက် မော်ကွန်း ဖုန်းကိုထုတ်ကာ ရှေ့နေ့ထံသို့ဆက်လိုက်သည်။ အနောက်ကကလေးကတော့ မျက်ရည်စများနှင့်မလှုပ်မယှက်။......
___________________________________