*ခွမ်း...*
ကျယ်လောင်သောအသံနှင့်အတူ ရတုလက်ထဲက ဖန်ခွက်က ကြမ်းပြင်ပေါ်သို့အရှိန်နှင့် ပြုတ်ကျသွားလေတော့သည်။
*ငြိမ်သက်တိတ်ဆိတ်နေသော ပတ်ဝန်းကျင်မှာ ရင်ခုန်သံတဒိန်းဒိန်းက အရှိန်ပျင်းပျင်းနှင့် ဖြိုခွင်းလျက်။
လက်တို့မှာလဲ သွေးများပင်မရှိလောက်တော့သည်အထိ အေးစက်ကာ တုန်ယင်လာချေပြီ။
ခေါင်းထဲက အသိဉာဏ်တို့ စုပ်ယူသွားသလားမှတ်ရအောင်ပင် နှလုံးသွေးအထိ အတိအမှောင်ကျသွားတဲ့အခိုက်အတန့် ....
*ငါ့သား မော်ကွန်း သေပြီ*!!!!
စာရွက်အဖြူပေါ်က လက်မှတ်ရေးရေးဟာ မျက်လုံးထဲထိုးဝင်လျှက်။
ဒါဟာ မဖြစ်နိုင်ဘူ း....
အကိုဟာ ဘာလို့ဒီလိုဖြစ်ရမှာလဲ...
ချက်ချင်းဆိုသလို ရတု အပြင်ဘက်သို့ထွက်မည်ပြင်သော်လည်း ခြေထောက်များမှာ ထုံကျင်၍ လေဖြတ်သွားသောသူလိုပင် မလှုပ်မယှက်နိုင်တော့။
ခြောက်ခြားသောစိတ်များဟာ ခန္ဓာကိုယ်ပေါ် ချက်ချင်းသက်ရောက်လေတော့ စိတ်အာရုံနှင့်အတူ ရတုတကိုယ်လုံး အပြုစားခံလိုက်ရသည့်နှယ်။
ထိုသို့ ခြောက်ခြားဖွယ် စကားသံဟာ အတိအမှောင်ဖုံးသွားသော ရတုစိတ်ကို တစ်ပြိုင်နက်တည်းမှာပင် ပို၍ တုန်လှုံ့စေလျှက်။
" အဖေ တစ်ယောက်အနေနဲ့ ငါကိုယ်တိုင် ရောက်လာရတာက ငါ့သားကမင်းပေါ် မေတ္တာဘယ်လောက်ကြီးမားခဲ့သလဲ ငါသိလို့ပဲ သူလဲ ဒီလိုပဲ လုပ်စေချင်မှာ..."
အက်ကွဲသံပါသော်လည်း တုန်ယင်နေလျက်ရှိသောအသံမှာ မနည်းထိန်းပြောနေရသလိုပင်
"ဒီစာရွက်အတိုင်းပဲ မင်းရမဲ့အရာတွေအတွက် လက်မှတ်ထိုးပါ.."
အသိစိတ်တို့ပြန်ဝင်လာသည်နှင့် ရတု ကြမ်းပြင်ပေါ်သို့ ဒူးထောက်လျက် အပုံသားခွေကျသွားသည်။
စာရွက်ပေါ်က သေတမ်းစာဆိုသည့် မဲမဲစာသားနှင့်အတူ အချို့ဝေဝေဝဝါးစာများကို သူတွေ့ရတော့ မျက်ရည်စများမှာ အလိုအလျောက် ကျဆင်းလာချေပြီ။